ဒူဘိုင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု(UAE) မြို့တော် အဘူဒါဘီမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ကလပ်အသင်းများ ဘောလုံးပြိုင်ပွဲ(FIFA Club World Cup) ဗိုလ်လုပွဲတွင် စပိန်နိုင်ငံ၏ ရီးယဲလ်မက်ဒရစ်အသင်းက ဘရာဇီးနိုင်ငံ၏ ဂရီမီယို(Gremio) အသင်းအား ၁ ဂိုး- ဂိုးမရှိဖြင့်...
ရီယာ့ဒ်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီယာဉ်စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များက အမျိုးသမီးများအနေဖြင့် ကုန်တင်ကားများ နှင့် ဆိုင်ကယ်များ မောင်းနှင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်ကပြောကြားခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက ရဲသင်တန်းကျောင်းတစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေသည့်ကြားက ဒီဇင်ဘာ ၁၃ ရက် ညတွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ၃စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ချက်အရသိရသည်။
ဆာနား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဆာနားမြို့ရှိ ရုရှားသံရုံးမှ သံရုံးအမှုထမ်း ၁၈ဦးကို ရုရှားနိုင်ငံ က ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရုရှားသံရုံးအား ပိတ်ခဲ့ကြောင်း ဟူသီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ကာမန်ပြည်နယ် ဟိုဂျက်ခ်မြို့တွင် ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၁ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ကင်မရွန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ဖားနော့သ်ပြည်နယ် တွင် ဒီဇင်ဘာ ၁၁ ရက်က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဂျူးဘား၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံ အလယ်ပိုင်းတွင် ပြိုင်ဘက် ဒင်ကာမျိုးနွယ်စုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၀ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
တီဟီရန် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အီရန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ ထုတ်ပြန်ကြေညာချက် အရ အီရန် နိုင်ငံ အနောက်ပိုင်း Kermanshah ပြည်နယ်တွင် ဒီဇင်ဘာ ၁၁ ရက်၌ ပြင်းအား ၆.၀ အဆင့်ရှိသော ငလျင်...