Connect with us

Africa & Middle East

တောင်အာဖရိကတွင် ကြေးနီသတ္တုတွင်းမီးလောင်မှုကြောင့် လူ ၅ ဦး သေဆုံး

တောင်အာဖရိကရှိ ကြေးနီသတ္တုတွင်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံ Limpopoပြည်နယ်ရှိ ကြေးနီသတ္တုတွင်းတစ်ခုတွင် ဇူလိုင်လ ၁၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းအလုပ်သမား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကြေးနီသတ္တုတွင်းရှိ မြေအောက်သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုသည့်ဆိုင်းကြိုးသည် ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင် ရုတ်တရက် မီးလောင်မှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး လူ ၄ ဦး တွင်းအောက်တွင် ပိတ်မိနေကြောင်း၊ ထိုနေ့ညတွင်ပင် ပိတ်မိနေသည့် အလုပ်သမား ၄ ဦး အနက် ၃ ဦး၏အလောင်းကို ရှာတွေ့ခဲ့ကြောင်း၊ ကျန် ၁ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း Palabora သတ္တုလုပ်ငန်းကုမ္ပဏီက အခင်းဖြစ်ပွားသည့်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ၎င်းကြေးနီတွင်းကို ခေတ္တပိတ်ထားကြောင်း ၊ ကယ်ဆယ်ရေးဆက်လက်ပြုလုပ်နိုင်ရန် ကယ်ဆယ်ရေးသမားများက မီးငြိမ်းသွားပြီး အပူချိန်ကျဆင်းသွားမည့် အချိန်အထိ စောင့်နေရကြောင်း သိရသည်။

သက်ဆိုင်ရာဌာနများက မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.