ဒမ်မက်စကတ်စ် ၊ မေ ၂၇ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Palmyra ရှေးဟောင်းမြို့တော် အနီးတွင် အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် ဆီးရီးယား စစ်သားရုပ်အလောင်း ၆၅ လောင်းကို မေလ ၂၆ ရက်က တူးဖော်တွေ့ရှိကြောင်း နိုင်ငံတွင်းရှိ လူနည်းစု မျိုးနွယ်စု တစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။
ကုလသမဂ္ဂ၊ မေ ၂၆ ရက် (ဆင်ဟွာ) လိုက်ဘေးရီးယား နိုင်ငံအပေါ် ဆယ်စုနှစ် တစ်ခုကျော်ကြာ အရေးယူ ပိတ်ဆို့ထားမှုများအား အဆုံးသတ်ပေးမည့် ဆုံးဖြတ်ချက်အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မေလ ၂၅ ရက်၌ ကြေညာ လိုက်သည်။
ကိုင်ရို၊ မေ ၂၆ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ စစ်တပ်သည် တည်ငြိမ် အေးချမ်းမှု မရှိသေးသည့် ဆိုင်းနိုင်း ကျွန်းဆွယ်တွင် လေးရက်ကြာ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီးနောက် စစ်သွေးကြွ ၈၅ ဦးကို သုတ်သင် နိုင်ခဲ့ကြောင်း စစ်တပ် ပြောရေးဆိုခွင့်ရှိသူ က မေလ ၂၅ တွင်...
ကဘူးလ်၊ မေ ၂၅ ရက် (ဆင်ဟွာ) အာဖဂန် တာလီဘန်များက ၎င်းတို့၏ ခေါင်းဆောင် မာလာ မိုဟာမတ် အက်ခ်တာ မန်ဆာသည် လေကြောင်း တိုက်ခိုက်မှု၌ သေဆုံးခဲ့ကြောင်း အွန်လိုင်း ကြေညာချက်တစ်ခုတွင် မေလ ၂၅ ရက်က အတည်ပြု ပြောကြား လိုက်သည်။
ခါတောမ်၊ မေ ၂၃ ရက် (ဆင်ဟွာ) ငြိမ်းချမ်းစွာ နျူကလီးယား စွမ်းအင် သုံးစွဲရေးအတွက် ရည်ရွယ်၍ ပထမဆုံး နျူကလီးယား စက်ရုံအား ဆူဒန်နိုင်ငံ၌ တည်ဆောက်ရန် သဘောတူညီမှု မူဘောင် တစ်ခုအား ဆူဒန်နှင့် တရုတ်နိုင်ငံတို့က မေလ ၂၃ ရက်၌ လက်မှတ် ရေးထိုးခဲ့သည်။
ဘရာဇာ ဗယ်လီ၊ မေ ၂၄ ရက် (ဆင်ဟွာ) အာဖရိကတိုက်၏ ပထမဆုံး တက်ဘလက်ဖုန်း အား ပုံစံ ရေးဆွဲသူ ကွန်ဂိုလူငယ် Verone Mankou ဦးဆောင်သည့် ကွန်ဂို ကုမ္ပဏီ VMK က မေ ၂၃ ရက်တွင် “Elikia HD” အမည်ရှိ...
ဒမတ်စကက်၊ မေ ၂၃ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့နှစ်မြို့၌ မေလ ၂၃ ရက်က ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၇၄ ဦး အထိ ရှိလာကြောင်း သိရသည်။
ဟနွိုင်း၊ မေ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ အက်ခ်တာ မိုဟာမက် မန်ဆာ သေဆုံးသွားပြီ ဖြစ်ကြောင်း ကြေညာချက် တစ်စောင်၌ အတည်ပြု ပြောကြားလိုက်သည်။
အစ္စလမ်မာဘတ် ၊ မေ ၂၂ ရက်(ဆင်ဟွာ) အာဖဂန်တာလီဘန်ထိပ်တန်းခေါင်းဆောင် မူလာအက်ခတာမန်ဆာ ( Akhtar Mansoor ) သည် အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ်တွင် အမေရိကန်မောင်းသူမဲ့လေယာဉ်လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း ARY ရုပ်မြင်သံကြားက မေ၂၂ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။
ကိုင်ရို၊ မေ ၂၀ ရက် (ဆင်ဟွာ) ပျောက်ဆုံးနေသည့် အီဂျစ်လေယာဉ်၏ အစိတ်အပိုင်းများအား အီဂျစ်နိုင်ငံ မြေထဲပင်လယ် ဆိပ်ကမ်းမြို့ ဖြစ်သော အလက်ဇန်းဒရီးယား (Alexandria) မြောက်ဘက် ကီလိုမီတာ ၂၉၀ အကွာ၌ တွေ့ရှိခဲ့ကြောင်း အီဂျစ် စစ်တပ်က မေလ ၂၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားလိုက်သည်။