Connect with us

Africa & Middle East

ဆီရာလီယွန် နိုင်ငံ မြို့တော် တွင် ဖြစ်ပွား ခဲ့သည့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု တို့ကြောင့် သေဆုံးသူပေါင်း ၃၀၀ ကျော် အထိ ရောက်ရှိလာ

ဆီရာလီယွန် နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ရေကြီးမှု ကြောင့် အိမ်များ ပြိုလဲ ခဲ့သည့် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အာခရာ ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဆီရာလီယွန် နိုင်ငံ မြို့တော် Freetown နှင့် အနီးတစ်ဝိုက် ဒေသများတွင် သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှု နှင့် မြေပြိုမှု တို့ဖြစ်ပွားခဲ့ရာ အိမ်ခြေအများအပြား နစ်မြုပ်ခဲ့သောကြောင့် လက်ရှိချိန်တွင် သေဆုံးသူပေါင်း ၃၀၀ ကျော်အထိ ရောက်ရှိလာခဲ့သည်။

ဆီရာလီယွန် နိုင်ငံပိုင် အသံလွှင့် ဌာန ၏ သတင်းဖော်ပြမှု တွင် လက်ရှိချိန်၌ သေဆုံးသူပေါင်း ၃၀၀ ကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ၊ အခင်းဖြစ်ပွားချိန်တွင် လူများ အိပ်စက်အနားယူချိန်ဖြစ်သောကြောင့် လူအများမှာ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းမရှိသဖြင့် သေဆုံးမှု များပြားခဲ့ကြောင်း ၊ ရေကျချိန်တွင် သေဆုံးသူများ ထပ်မံတွေ့ရှိရနိုင်ခြေများကြောင်း ပြောကြား ခဲ့သည်။

Freetown မြို့ရှိ ဆေးရုံဝန်ထမ်း တစ်ဦး က လက်ရှိချိန်တွင် ဆေးရုံ ရေခဲတိုက်၌ သေဆုံးသူပေါင်း ၃၀၀ ကျော် ရှိနေပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ကြက်ခြေနီ အဖွဲ့ ၏ ကနဦး စာရင်းပြုစုမှု အရ အခင်းဖြစ်ပွားမှုကြောင့် အနည်းဆုံးလူပေါင်း ၃ ထောင်ကျော် အိမ်ခြေမဲ့ဖြစ်ခဲ့ရပြီး ဒုက္ခသည် စာရင်းမှာ ပိုမိုများပြားလာနိုင်ကြောင်း သိရှိခဲ့ရသည်။

လက်ရှိချိန်တွင် အခင်းဖြစ်ပွားရာနေရာ ကို တားဆီးမှု ဆောင်ရွက်ခဲ့ပြီး အစိုးရ မှ စစ်တပ် နှင့် ရဲတပ်ဖွဲ့ တို့အား ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန် အတွက် စေလွှတ်ပေးခဲ့ကြောင်း ၊ သို့သော် ရာသီဥတု အခြေအနေ ဆိုးရွား သောကြောင့် လမ်းများပိတ်ဆို့နေသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်ရန် နှေးကွေးနေကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.