Connect with us

Asia

ထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူလျာဒတ် နတ်ရွာစံ

ထိုင်းဘုရင်မင်းမြတ် ဘူမီဘောအဒူလျာဒတ် (ဆင်ဟွာ)

ဘန်ကောက် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမီဘော အဒူလျာဒတ်သည် ဘန်ကောက်မြို့ပေါ်ရှိ သီရိရာဇ(Siriraj)ဆေးရုံကြီးပေါ် တွင် အောက်တိုဘာလ ၁၃ ရက် ၊ ဒေသစံတော်ချိန်မွန်းလွဲ ၃နာရီ၅၂ မီနစ် တွင် နတ်ရွာစံသွားပြီဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်ထုတ်ပြန်ချက်အရသိသည်။

ထိုင်းဘုရင် ဘူမီဘောသည် ၁၉၄၆ခုနှစ်မှ စတင်ကာ ထီးနန်းဆက်ခံခဲ့ပြီး ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး မင်းပြုအုပ်ချုပ်ခဲ့သည့် ဘုရင်တစ်ပါးလည်း ဖြစ်သည်။

နတ်ရွာစံချိန်တွင် ထိုင်းဘုရင် ဘူမီဘော သည် သက်တော် ၈၈ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။( Xinhua)