Connect with us

Asia

ထိုင်းနိုင်ငံ ပြည်သူလူထု၏ ကောင်းကင်သဖွယ် ဖြစ်သော ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမီဘော အဒူလျာဒတ်

ထိုင်းနိုင်ငံ ဘုရင် ဘူမီဘော အဒူလျာဒတ် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒတ် နတ်ရွာစံ သွားသည့် သတင်းသည် ပြည်ပ နိုင်ငံများအတွက် အရေးကြီး သတင်းဟု မသတ်မှတ် နိုင်သော်လဲ ထိုင်းနိုင်ငံ ပြည်သူ လူထု အတွက်မူ ဘူမီဘော ဘုရင် သည် ၎င်းတို့၏ ဖခင်သဖွယ် စိတ်နှလုံးသားတွင် အားကိုးအားထား ပြုနိုင်သည့် ကောင်းကင်သဖွယ် ကာကွယ်မှုပေးသည့် ဘုရင်မင်းမြတ် ပင်ဖြစ်သည်။

ထိုင်ဘုရင်မင်းမြတ် နတ်ရွာစံ ခြင်းသည် ထိုင်းပြည်သူလူထု အတွက် နိုင်ငံတော် အဆင့် ဝမ်းနည်းကြေကွဲခြင်း ဖြစ်ခဲ့ရခြင်းမှာ ဘူမီဘော ဘုရင်သည် ထိုင်းပြည်သူလူထု အပေါ် အကြောင်းအရင်းအစုံစုံ မေတ္တာစေတနာ ထားရှိခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ပညာရှင် ကယ်ဖန်း နာပေါဖား သည် “ဘူမီဘော ဘုရင် မင်းမြတ် သည် ပြည်သူလူထု အတွက် အသက်ရှင်နေသည့် ဘုရင် တစ်ပါးဖြစ်ပြီး ပြည်သူလူထု၏ ဖခင် လည်းဖြစ်တယ်”ဟု ပြောဆိုခဲ့သည်။

ဘူမီဘော ဘုရင်မင်းမြတ်သည် ၁၉၂၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် အမေရိကန် နိုင်ငံ Massachusetts ပြည်နယ်ရှိ Cambridge တွင် မွေးဖွား ခဲ့ခြင်းဖြစ်ပြီး ၁၉၄၅ ခုနှစ် တွင် ထိုင်းနိုင်ငံ သို့ပြန်လည်ရောက်ရှိ ခဲ့သည်။ နှစ်ပေါင်း ၇၀ တိုင်တိုင် ထိုင်းနိုင်ငံ ကိုအုပ်ချုပ်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေး အဖြစ်အပျက်များ အတွင်း ဘူမီဘော ဘုရင်မင်းမြတ်သည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ခြင်း နှင့် ပြည်သူလူထု ကို ချစ်ခင်ခြင်းတို့ကြောင့် “ဘုရင်မင်းမြတ်” နှင့် “မေတ္တာစေတနာရှိသည့် ဖခင်” စသည့် ပုံရိပ် နှင့် အခေါ်အဝေါ် ကိုရရှိခဲ့သည်။ထိုင်းပြည်သူလူထု တို့ကလည်း ဘူမီဘော ဘုရင်မင်းမြတ်အား လွန်စွာ ယုံကြည်ကိုးကွယ် ခဲ့ကြသည်။

ဘူမီဘော ဘုရင်သည် သက်တော် ၈၈ နှစ်တွင် ကွယ်လွန်ခဲ့ပြီး နှစ်ပေါင်း ၇၀ နှင့် ၄ လ တိုင်တိုင် ထိုင်းနိုင်ငံ ကိုအုပ်ချုပ်ခဲ့ကာ စည်းကမ်းပိုင်း ဆိုင်ရာကို လွန်စွာ အလေးထားသည့် ဘုရင်တစ်ပါး ဖြစ်သည်။ ဘူမီဘော ဘုရင် က ထိုင်းနိုင်ငံ ရှိ ပြည်သူလူထု အချို့မှာ လွန်စွာဆင်းရဲနွမ်းပါးသည် ၊ သို့သော် မိမိတို့အနေဖြင့် ၎င်းတို့အား တိုက်ရိုက် ငွေကြေးပေးအပ်ခြင်း မပြုဘဲ ၎င်းတို့ဘဝ အသက်ရှင်နေထိုင်နိုင်ရန် အတွက် အသက်မွေးဝမ်းကြောင်း ပညာများကို ပေးအပ်ရမည်ဖြစ်ပြီး ထိုမှသာ ၎င်းတို့အနေဖြင့် ရေရှည် ချမ်းသာခြင်းကို ရရှိနိုင်မည်ဟု မိဖုရား ထံသို့ပြောကြား ခဲ့ဖူးသည်။

ဘူမီဘော ဘုရင် သည် တိုင်းပြည်အုပ်ချုပ်စဉ် အတွင်း စီမံကိန်း ပေါင်း ၃၀၀၀ ခန့်ကို ဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ ပြည်သူလူထု တို့၏ ကုန်ထုတ်လုပ်မှု ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဆန်းသစ်ရန် အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံ စိုက်ပျိုးရေး ကဏ္ဍ တိုးတက်ဖွံ့ဖြိုးရန် အတွက်လည်း ကိုယ်တိုင် လက်တွေ့ကွင်းဆင်းလေ့လာ ဆောင်ရွက်မှု များပြုလုပ် ခဲ့ပြီး အောင်မြင်မှု များစွာ ရရှိခဲ့သည်။

ထို့ပြင် ဘူမီဘော ဘုရင်သည် ငယ်ရွယ်စဉ် အချိန်ကာလ က စိုက်ပျိုးရေး ကဏ္ဍ ခေတ်မှီဖွံ့ဖြိုးတိုးတက်ရန် အတွက် နန်းတော်အတွင်း စမ်းသပ် စိုက်ခင်းများ သုတေသနခန်းများ ပြုလုပ် ခဲ့ပြီး မိုးခေါင်ရေရှားမှု ကိုဖြေရှင်းရန် အတွက် ထိုင်းဘုရင် သည် မိုးတုရွာသွန်းစေရန်အတွက် တီထွင် နိုင်ခဲ့ကာ ဥရောပ နိုင်ငံ များတွင် ဘူမီဘော ဘုရင် တီထွင် ခဲ့သည့် နည်းပညာသည်မူပိုင်ခွင့် ရရှိခဲ့သည်။ လက်ရှိ အချိန်ထိ အချို့နိုင်ငံ များသည် ထိုနည်းပညာ မူပိုင်ခွင့် အတွက် နှစ်စဉ် ထိုင်းနိုင်ငံ သို့ မူပိုင်ခွင့် အသုံးပြုမှု ဆိုင်ရာ ငွေကြေးများ ပေးအပ် ခဲ့ကြသည်။ဘူမီဘော ဘုရင် တီထွင် ခဲ့သည့် စိုက်ပျိုးရေး လုပ်ငန်းသုံး ရေသွင်းခြင်းဆိုင်ရာ ကိရိယာ ဆိုလျင် အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ် များရရှိခဲ့သည်။

ဘူမီဘော ဘုရင်သည် ပြည်ပ ခရီးစဉ် ထွက်လေ့ မရှိသော်လည်း ထိုင်းနိုင်ငံ အနှံသို့ကွင်းဆင်း လေ့လာ လေ့ရှိပြီး သက်တော်ကြီး၍ မသွားရောက်နိုင်သည့်တိုင် ထိုင်းနိုင်ငံ ပြည်သူလူထု ၏ လူနေမှုဘဝ အခြေအနေသတင်းအချက်အလက်များကို နေ့စဉ် ကြားနာလေ့ရှိပြီး အသက်ရှင်နေသရွေ့ ပြည်သူလူထု အား ကာကွယ်သော ၊ လမ်းညွှန်သော ဘုရင် တစ်ပါးဖြစ်သည်။

ဘူမီဘော ဘုရင် ထီးနန်း စတက်ချိန်သည် ဒုတိယ ကမ္ဘာ့စစ် ပြီးဆုံးစ အချိန် ဖြစ်ပြီး နိုင်ငံရေး နှင့် နန်းတော် အပေါ် ယုံကြည်မှု တို့တွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ၁၉၉၂ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အာဏာသိမ်းခဲ့သည့် Suchinda စစ်အစိုးရသည် chamlong Srimuang ဦးဆောင်သော လူထု လှုပ်ရှားမှုကို အင်အားသုံး နိမ်နင်း ခဲ့သည်။

ထိုအဖြစ်အပျက်အပြီး ဒုတိယ မြောက်နေ့တွင် သက်တော် ၆၀ ကျော်ရှိပြီး ဖြစ်သည့် ဘူမီဘော ဘုရင် သည် Suchinda နှင့် chamlong Srimuang တို့ကို နန်းတော်တို့ ခေါ်ယူကာ ၎င်းတို့နှစ်ဦးအား ပုံပြင်တစ်ခု ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးအား မိမိ တို့အနေဖြင့် ဂုဏ်ယူစေသည့် ကိစ္စရပ် များကို ဆွေးနွေးစေခဲ့သည်။ ထိုဖြစ်စဉ် တစ်ခုလုံးကို ထိုင်းနိုင်ငံ ပြည်သူလူထု အားလုံးအား ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် ခဲ့သည်။ ထိုတွေ့ဆုံမှု အပြီးနန်းတော်မှ ထွက်ထွက်ခြင်းတွင် နှစ်ဦးလုံးမှ ပြေငြိမ်းကြောင်း ထုတ်ပြန်ခဲ့ကြပြီး chamlong Srimuang ဦးဆောင်သော လှုပ်ရှားသူ တို့မှာလည်း တစ်ည အတွင်း ပျောက်ကွယ် သွားကြပြီး Suchinda မှလည်း နိုင်ငံရေး နယ်ပယ် မှ ထွက်ခွာ သွားခဲ့သည်။ ထို့နောက်ပိုင်းကာလ တွင် ထိုင်းနိုင်ငံ ၏ ယခုခေတ်သမိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး သမိုင်းဖြစ်စဉ် ဖြစ်ခဲ့ပြီး ထိုင်းပြည်သူလူထုများ၏ သတိရမြတ်နိုးသော ၊ ဂုဏ်ယူရသော ကာလ အပိုင်းအခြား တစ်ခု ဖြစ်စေ ခဲ့သည်။

ထိုင်းနိုင်ငံ ပြည်သူလူထု များအနေဖြင့် မကြာခဏ အစိုးရ ပြောင်းလဲရွေးချယ်ရသည့် အဖြစ်အပျက် များကို ကြုံတွေ့ခဲ့ရသော်လည်း ပြည်သူလူထု တို့၏ နှလုံးသားတွင် ဘူမီဘော ဘုရင်မင်းမြတ် သည် ဘယ်တော့မှ မပြောင်းလဲသည့် နိုင်ငံ အကြီးအကဲ ၊ နိုင်ငံ အတွက် အားအင် နှင့် နိုင်ငံ အတွက် လမ်းညွှန်သူ ဖြစ်သည်။ (Xinhua)