Connect with us

Asia

တောင်ကိုရီးယားတွင် ဆမ်ဆောင်း Note 7 ဖုန်းပိုင်ရှင်များအား ငွေပြန်အမ်းခြင်း၊ လဲလှယ်ပေးသည့် အစီအစဉ်များ ပြုလုပ်

ဆမ်ဆောင်း Note 7 ဖုန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် Galaxy Note 7 စမတ်ဖုန်း ပိုင်ရှင်များအတွက် ငွေပြန်အမ်းပေးခြင်းနှင့် လဲလှယ်ပေးခြင်း အစီအစဉ်များအား ဆမ်ဆောင်း အီလက်ထရောနစ်က အောက်တိုဘာလ ၁၃ ရက်တွင် စတင်လုပ်ဆောင်ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Note 7 ပိုင်ရှင်များအနေဖြင့် ၎င်းတို့၏ ဖုန်းများအား မိမိဝယ်ယူထားသည့် အရောင်းဆိုင်များသို့ ယူဆောင်လာရမည် ဖြစ်သည်။တောင်ကိုရီးယားမှ Note 7 ပိုင်ရှင်များအနေဖြင့် ပြန်အမ်းငွေ အပြည့်အဝသော်လည်းကောင်း၊ Apple iPhone 7 သို့မဟုတ် LG G5 နှင့် V20 ဖုန်းများ သို့မဟုတ် ဆမ်ဆောင်း Galaxy S7 သို့မဟုတ် S7 Edge သို့မဟုတ် Galaxy Note 5 စသည့် ဖုန်းများ အပါအဝင် အခြား ပစ္စည်းများဖြင့် လဲလှယ်ရယူနိုင်မည် ဖြစ်သည်။Note 7 ပိုင်ရှင်များအနေဖြင့် အခြား ဆမ်ဆောင်း ထုတ်ကုန်များဖြင့် အစားထိုး လဲလှယ်ပါက ဖုန်းတန်ဖိုး အတွက် ဝမ် ၃၀,၀၀၀ ကူပွန်နှင့် ဝမ် ၇၀,၀၀၀ တန်ဖိုးရှိသော လက်ဆောင်များအား ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာချက်၌ ဆမ်ဆောင်းက ပြောကြားထားသည်။ဝမ် ၃၀,၀၀၀ ကူပွန်အား iPhone 7 သို့မဟုတ် G5 နှင့် လဲလှယ်မည့် ဖုန်းပိုင်ရှင်များအား လက်ဆောင်ပေးသွားမည် ဖြစ်ပြီး ဝမ် ၁၀၀,၀၀၀ တန် ကူပွန်များအား နိုဝင်ဘာလ ၃၀ ရက်အထိ ဆမ်ဆောင်း ထုတ်ကုန်များနှင့် လာရောက်လဲလှယ်မည့် Note 7 ပိုင်ရှင်များအား လက်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။Note 7 ဖုန်းများ ငွေပြန်အမ်းခြင်းနှင့် လဲလှယ်ပေးခြင်း အစီအစဉ်အား ယခုနှစ်ကုန်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် အစီအစဉ်များ ကွာခြားနိုင်ကြောင်း သိရသည်။ (Xinhua)