Connect with us

Asia

တရုတ် ပတ်စပို့ ကိုင်ဆောင်ထားသူများအတွက် စက်အစားထိုး လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု တိုးချဲ့

စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ပထမဆုံး စင်ကာပူနိုင်ငံ ခရီးစဉ်အားဖြင့် ကြိုဆိုသောအားဖြင့် စက်အသုံးပြု၍ လူဝင်မှု ကြီးကြပ်ရေး ရှင်းလင်းရေး စနစ် (eIACS) ဝန်ဆောင်မှုအား အရည်အချင်း ပြည့်မီသည့် တရုတ် ပတ်စပို့ ကိုင်ဆောင်ထားသူများ အတွက် နိုဝင်ဘာလ ၁၆ ရက်မှစ၍ တိုးချဲ့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စင်ကာပူ လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ် အာဏာပိုင် (ICA) က နိုဝင်ဘာ ၆ ရက် ကြေညာချက် ထုတ်ပြန်ထားသည်။

တရုတ် ပတ်စပို့ သက်တမ်း ခြောက်နှစ်နှင့်အထက် ကိုင်ဆောင်ထားဖူးပြီး စင်ကာပူနိုင်ငံမှ ထုတ်ပေးသော နိုင်ငံစုံ ခရီးသွားလာခွင့် ဗီဇာ (MJVs) သက်တမ်း ငါးနှစ် လက်ကျန်ရှိသူများနှင့် စင်ကာပူနိုင်ငံသို့ လွန်ခဲ့သည့် ၁၂ လ အတွင်း အနည်းဆုံး သုံးကြိမ် ရောက်ရှိဖူးသူများ စသည်တို့သည် ယခုလက်ရှိ ဝန်ဆောင်မှုအား အခမဲ့ ရရှိနိုင်မည် ဖြစ်ကြောင်း ICA က ပြောသည်။

ယင်း ဝန်ဆောင်မှု အစီအစဉ်သည် တရုတ် ခရီးသွားဧည့်သည်များ အဆင်ပြေစေရန်၊ စင်ကာပူ နှင့် တရုတ်နိုင်ငံ အကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလာရေး ကိစ္စများ လွယ်ကူစေရန် ထောက်ပံ့ပေးနိုင်ပါလိမ့်မည်ဟု ICA ကပြောသည်။
ယခုနှစ် အစောပိုင်းက စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သည့် အရည်အချင်း ပြည့်မီသော တရုတ်နိုင်ငံသား များအား ဇွန်လမှစ၍ သက်တမ်းအများဆုံး ၁၀ နှစ်ရှိသော MJVs ကို ခွင့်ပြုပေးခဲ့သည်။
ယခု တိုးမြှင့်ပေးထားသော ဝန်ဆောင်မှုတွင် အရည်အချင်း ပြည့်မီသည်ဆိုလျှင် ဇနီး/ခင်ပွန်းနှင့် အသက် ၂၁ နှစ်အောက် ကလေးများလည်း အကျုံးဝင်ပါသည်။ ဤမူဝါဒ အသစ်အား ထုတ်ပေးရာတွင် အရည်အချင်း ပြည့်မီ သော လျှောက်ထားသူများသာ ရရှိနိုင်မည် ဖြစ်ကြောင်း ICA ကဖြည့်စွက် ပြောကြား ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.