Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်းတွင် ရုတ်တရက်ရေကြီး မြေပြိုမှုကြောင့် လူ ၂၀ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Suka Bumi ခရိုင်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်က မြေပြိုမှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

 

ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အရှေ့ Nusa Tenggara ပြည်နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ရုတ်တရက်ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွားကြောင်း နှင့် အခြား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။

အဆိုပါ သဘာဝဘေးဒဏ်သည် ယနေ့ နံနက် ၁ နာရီတွင် Flores Timur ခရိုင်၌ ဖြစ်ပွားခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Raditya Jati က ဆိုသည်။
ယင်းဖြစ်စဉ်ကြောင့် လူနေအိမ် ဒါဇင်ပေါင်းများစွာ မြေစာများ ဖုံးလွှမ်းသွားသလို အခြား အိမ်အလုံးပေါင်းများစွာမှာလည်း မြေပြိုမှုဖြင့် ရိုက်ခတ်စီးပါသွားကြောင်း နှင့် တံတားတစ်စင်းပျက်စီးသွားကြောင်း ၎င်းက ဆိုသည်။

ဒဏ်ရာရသူများအားလုံးကို နီးစပ်ရာ ဆေးခန်းများ၌ ဆေးကုသမှုပေးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ မိုးဇလ နှင့် ပထဝီရူပဗေဒအေဂျင်စီက ယခုရက်သတ္တပတ် တစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း ၊ လေပြင်းတိုက်ခတ်ခြင်း နှင့် ပင်လယ် လှိုင်းလုံးကြီးများ ရိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ (Xinhua)
————————————
(English Version)
20 killed, 5 missing as flash floods, landslides hit central Indonesia
JAKARTA, April 4 (Xinhua) — At least 20 people were killed, nine others injured and five went missing as flash floods and landslides struck East Nusa Tenggara province in central parts of Indonesia earlier Sunday, the National Disaster Management Agency said.
The natural disaster took place in Flores Timur district at about 1:00 a.m. local time, said Raditya Jati, spokesman of the National Disaster Management Agency.
The disaster buried dozens of houses, swept away several other houses and destroyed a bridge, he said.
All the wounded persons are being treated in nearby health clinics, the spokesman said in a statement.
The meteorology and geophysics agency has forecast heavy downpours, strong winds and huge waves within a week. Enditem

Rescuers evacuate a body at a house after landslides struck at Sinaresmi village in Suka Bumi district, West Java, Indonesia, Jan. 1, 2019.