Connect with us

Asia

အိန္ဒိယနိုင်ငံအလယ်ပိုင်း၌ လက်နက်ကိုင်သူပုန်များ၏ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး

အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များ ၂၀၁၇ ခုနှစ် မေ ၄ ရက်က အိန္ဒိယဘက်ခြမ်းထိန်းချုပ်သော ကက်ရှ်မီးယားဒေသ Shopian ကျေးရွာတွင် ကင်းလှည့်နေစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များတွင် သေဆုံးသူအရေအတွက်မှာ ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း နှင့် ယင်းတိုက်ခိုက်မှုသည် ဧပြီ ၃ ရက်တွင် စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အမျိုးသမီး သူပုန်တပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် Naxals လက်နက်ကိုင်သူပုန် ၁၀ ဦးခန့် သေဆုံးသွားကြောင်း ၊ ၎င်းတို့သည် ပြည်နယ်အတွင်း Sukma နှင့် Bijapur ခရိုင်နှစ်ခုအနီးရှိ တောအုပ်တစ်ခုတွင် တပ်ဆွဲ၍ တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ အစိုးရတပ်ဖွဲ့ဝင် ၃၀ ဦးခန့် ဒဏ်ရာရသွားကြောင်း နှင့် အခြား ၂၁ ဦးခန့်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆိုသည်။ သေဆုံးရုပ်အလောင်းများ နှင့် ပျောက်ဆုံးနေသူများကို ပြန်လည်တွေ့ရှိနိုင်ရန် အခင်းဖြစ် တောအုပ်ဧရိယာအတွင်း စီးနင်းရှာဖွေရေးကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Naxals လက်နက်ကိုင် ၂၀၀ ကျော်သည် စနေနေ့ ညနေပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်၏ ပြောကြားချက်အရသိရသည်။

ဒဏ်ရာရသူများကို ပြည်နယ်မြို့တော် Raipur မြို့ရှိ ဆေးရုံတစ်ခုသို့ပို့ဆောင်ပေးထားပြီး ကျန်သူများကို ဒေသတွင်းရှိ ဆေးရုံတစ်ခုသို့ တက်ရောက်ခွင့်ပြုထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရန္ဒြာမိုဒီက ယင်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသူများအား ဂါရဝပြုကြောင်း တွစ်တာတွင်ရေးသားဖော်ပြခဲ့ပြီး Chhattisgarh ပြည်နယ်အတွင်း Naxals သူပုန်များနှင့်တိုက်ခိုက်စဉ်သေဆုံးသွားသော အာဇာနည်များ၏ မိသားစုဝင်နှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြခဲ့သည်။

“ ရဲရင့်တဲ့ အာဇာနည်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေအတွက် ဘယ်တော့မှ မမေ့ပါဘူး၊ ဒဏ်ရာရသူတွေအမြန်ဆုံး ပြန်လည်သက်သာဖို့ ဆုတောင်းပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီး Amit Shah ကလည်း ကျဆုံးသွားသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  (Xinhua)
————————————
(English Version)
15 security personnel killed in armed rebels’ attack in central India
NEW DELHI, April 4 (Xinhua) — At least 15 security personnel were killed and many injured in an encounter with armed rebels, called the “Naxals”, in India’s central state of Chhattisgarh, a security personnel confirmed on Sunday.
The number of casualties among the security personnel is feared to rise. The encounter began Saturday.
Around ten Naxals, including a couple of women rebels, were also killed in the encounter that took place in a forest area near Sukma and Bijapur districts of the state, said media reports.
According to the security personnel, over 30 security personnel were injured and nearly 21 were still missing. Search operation is still on in the forest area to recover the dead bodies and those missing, he added.
According to sources, there were more than 200 Naxals who ambushed the security personnel on Saturday afternoon.
Some of those injured were shifted to a hospital in state capital Raipur, while the rest were admitted to a local hospital.
Paying his homage to those killed in the encounter, Prime Minister Narendra Modi tweeted that his thoughts were with the families of those martyred while fighting the Naxals in Chhattisgarh.
“The sacrifices of the brave martyrs will never be forgotten. May the injured recover at the earliest,” he added.
Indian Home Minister Amit Shah also expressed condolences at the deceased the security personnel. Enditem

Indian army troopers walk back to their base camp after a search operation at a village in Shopian, about 47 km south of Srinagar, summer capital of Indian-controlled Kashmir, May 4, 2017.