Asia
ထိုင်းနိုင်ငံ၌ အစုလိုက်အပြုံလိုက်ကူးစက်မှု မျိုးစုံနှင့်အတူ COVID-19 လူနာသစ် မြင့်တက်လာ
ဘန်ကောက် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
ထိုင်းနိုင်ငံ၌ ဧပြီ ၅ ရက်တွင် COVID-19 လူနာသစ် ၁၉၄ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း နှင့်အတူ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုသည် မြင့်တက်လာခဲ့ကြောင်း ၊ အဓိကအားဖြင့် ဘန်ကောက်မြို့ရှိ ဘားဆိုင်များ နှင့် နိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ရှိ အကျဉ်းထောင်တွင် အစုလိုက်အပြုံလိုက် ကူးစက်မှုများကြောင့် ဖြစ်ကြောင်း COVID-19 အခြေအနေစီမံခန့်ခွဲရေးစင်တာ (CCSA)ထံမှ သိရသည်။
ဧပြီ ၅ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည့် လူနာသစ်များအနက် ၁၈၂ ဦးမှာ ပြည်တွင်း ကူးစက်မှုများ ဖြစ်ပြီး ၁၂ ဦးမှာ ပြည်ပမှ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း CCSA ပြောခွင့်ရ Apisamai Srirangsan က ပြောကြားခဲ့သည်။
ပြည်တွင်းကူးစက်မှုများအနက် ၉၄ ဦးမှာ Narathiwat ပြည်နယ်ရှိ အကျဉ်းထောင်မှ ဖြစ်ပြီး ၄၆ ဦးမှာ ဘန်ကောက်မြို့မှ ဖြစ်ကြောင်း သိရသည်။
Narathiwat ပြည်နယ်ရှိ အကျဉ်းထောင်တွင် ဧပြီ ၄ ရက်က စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၁၂ ဦးရှိပြီး အကျဉ်းသား ၈၇ ဦး ၊ အကျဉ်းသူ တစ်ဦး ၊ အကျဉ်းထောင်ဝန်ထမ်း ၂၃ ဦး နှင့် သူနာပြု တစ်ဦးတို့ ပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ယခုထိ COVID-19 လူနာပေါင်း ၂၉,၃၂၁ ဦး ရှိရာ ပြန်လည်သက်သာကောင်းမွန်လာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၇,၈၄၀ ဦး နှင့် လတ်တလော ဆေးရုံ၌ ကုသမှု ခံယူနေသူ ၁,၃၈၆ ဦး ၊ သေဆုံးသူ ၉၅ ဦး အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)
——————————————
(English Version)
Thailand sees surge in new COVID-19 cases with various clusters
BANGKOK, April 5 (Xinhua) — Thailand Monday recorded a surge in coronavirus infection with 194 new cases, mainly due to clusters found in a prison in the southern Narathiwat province and bars in the capital Bangkok, according to the Center for the COVID-19 Situation Administration (CCSA).
Of Monday’s new cases, 182 were domestic infections and 12 others were imported, CCSA spokeswoman Apisamai Srirangsan said.
Of the domestic cases, 94 were confirmed in the Narathiwat prison and 46 in Bangkok, among other provinces.
The Narathiwat prison on Sunday reported a total of 112 infections, including 87 male inmates, one female inmate, 23 prison wardens and one nurse.
Thailand has so far confirmed a total of 29,321 cases of infection, of which 27,840 patients have fully recovered and been released from hospitals while 1,386 others are currently hospitalized and 95 fatalities have been reported. Enditem