ဘန်ကောက်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့မတ်လ ၂၄ ရက်တွင် ကျင်းပရာ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်များက သက်ဆိုင်ရာ မဲရုံများ၌ ဆန္ဒမဲ အသီးသီးပေးလျက်ရှိကြောင်း သိရသည်။
ဟောင်ကောင်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Bitung မြို့ အရှေ့မြောက် အရှေ့ဘက် ၁၄၁ ကီလိုမီတာတွင် မတ်လ ၂၄ ရက် ဂရင်းနစ်စံချိန် နံနက် ၄း၃ရး၃၄ နာရီက ရစ်ချ်တာစကေး ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက...
ဆိုးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နယ်စပ် ကေဆောင်းမြို့ရှိ တောင်ကိုရီးယားနိုင်ငံနှင့် ပူးတွဲဖွင့်လှစ်ထားသော နှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးမှ မြောက်ကိုရီးယားနိုင်ငံ နုတ်ထွက်လိုက်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက မတ်လ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
မွမ်ဘိုင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှ ၈၅ ကီလိုမီတာအကွာ အာနာလာကမ်းခြေတွင် မတ်လ ၂၁ ရက်က နွေဦးရောင်စုံနွေဦးပွဲတော်-ဟိုလီ (Holi) ကျင်းပပြီးနောက် လူ ၅ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ဟောင်ကောင်၊ မတ် ၂၁ (ဆင်ဟွာ) ဗန်နာတုနိုင်ငံ လူဂန်ဗေးလ်မြို့(Luganville)၏ အရှေ့တောင်အရှေ့ ၄၈ ကီလိုမီတာအကွာတွင် မတ် ၂၀ ရက်က အင်အား ၆.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ(USGS)က ပြောကြားသည်။
ဟနွိုင်း၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Hai Duong ပြည်နယ်တွင် မတ်လ ၂၁ ရက်က အမျိုးသမီး ၂ ဦး တင်ဆောင်လာသော မော်တော်ဆိုက်ကယ်နှင့် ခရီးသည်တင်ရထား တိုက်မိခဲ့ရာ အမျိုးသမီး ၂ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း...
ကွာလာလန်ပူ၊ မတ် ၂၁ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်ကတည်းက ပျောက်ဆုံးနေသည့် မလေးရှားနိုင်ငံသား ဆယ်ကျော်သက်တစ်ဦးမှာ သေဆုံးသွားပြီဟု အတည်ပြုကြောင်း မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ လာဟိုး(Lahore)မြို့ရှိ တရားရုံး တစ်ရုံးက ချက်နိုင်ငံမှ မော်ဒယ် အမျိုးသမီးတစ်ဦးကို နိုင်ငံအတွင်းသို့မူးယစ်ဆေးဝါးများ မှောင်ခိုသွင်းရန် ကြိုးပမ်းမှုဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ၈ လ ပြစ်ဒဏ် ချမှတ် အရေးယူခဲ့ကြောင်း ဒေသတွင်း...
ကဘူးလ် ၊ မတ် ၂၁ ရက် (ဆင်ဟွာ) အာဖဂန်လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်(IEC) က နိုင်ငံ၏ စတုတ္ထအကြိမ်မြောက် သမ္မတရွေးကောက်ပွဲကျင်းပမည့် ရက်အသစ်ကို ယခုနှစ် စက်တင်ဘာ ၂၈ ရက်သို့ပြောင်းရွေ့သတ်မှတ်လိုက်ကြောင်း IEC က မတ် ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နယူးဒေလီ ၊ မတ် ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ပုဂ္ဂလိကလေကြောင်းလိုင်း “Jet Airways” မှ လေယာဉ်မှူးများသည် မတ် ၃၁ ရက် နောက်ဆုံးထား၍ ၎င်းတို့၏ လစာများကို အပြည့်အဝ ပေးချေသွားခြင်းမရှိပါက လာမည့် ဧပြီ ၁ ရက် မှစတင်ကာ လေကြောင်းလိုင်းအား သပိတ်မှောက်သွားမည်ဟု...