တိုကျို ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဂျပန် နိုင်ငံ အစိုးရ က ဒီဇင်ဘာ ၂၅ ရက် တွင် ဝန်ကြီးများ အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ် ခဲ့ပြီး ပြည်ပ အလုပ်သမားများ တိုးချဲ့ခေါ်ယူသွားမည့် အခြေခံ လုပ်သား ခန့်ထားမှု မူဝါဒ...
မနီလာ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ၌ ဆူနာမီလှိုင်းဒဏ်ကြောင့် ဖြစ်ပွားခဲ့သည့် သေဆုံး ပျက်စီးမှုများ အတွက် ဝမ်းနည်းကြောင်း အာရှ ဖွံ့ဖြိုးမှုဘဏ် (ADB) ဘဏ် ဥက္ကဋ္ဌ Takehiko Nakao က ဒီဇင်ဘာ ၂၄ ရက်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ သည် ၃၇၃ဦးအထိ မြင့်တက်လာပြီး အခြားလူ ၁,၄၅၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ကပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) လာအိုနှင့် ဗီယက်နမ်နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် ၂၀၁၈ ခုနှစ် ၏ ပထမပိုင်း ၉ လတွင် အမေရိကန်ဒေါ်လာ ၄၃၄ သန်းရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဂါဇီ၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် ပေါက်ကွဲမှုတစ်ခုကြောင့် အရပ်သား၇ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ က ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် (Ajit Doval) တို့သည် ဒီဇင်ဘာ ၂၃ ရက်က မွမ်ဘိုင်းမြို့၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၂၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင် တစ်လုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ရာ လက်ရှိအချိန်ထိသေဆုံးသူ ၂၈၁ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ယနေ့ဒီဇင်ဘာ ၂၄ ရက်တွင်ပြောကြားခဲ့သည်။(Xinhua)
ဂျာကာတာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တွင် မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပွားခဲ့သည့် ဆူနာမီရေလှိုင်းရိုက်ခတ်မှု ကြောင့် သေဆုံးသူ ၆၂ဦးထိရှိလာခဲ့ပြီး ဒဏ်ရာရသူ ၅၈၄ဦးထိရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဒီဇင်ဘာ ၂၃ရက်တွင်ဖော်ပြခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆွန်ဒါရေလက်ကြား ရှိ ကမ်းရိုးတန်းဧရိယာတွင် ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက Krakatau Child မီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ်ပေါ်လာခဲ့ပြီး အနည်းဆုံး လူ ၄၃ဦးသေဆုံးကာ အခြားလူ ၅၈၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူများက ဒီဇင်ဘာ...
နယူးဒေလီ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း ဂူဂျာရတ်ပြည်နယ်(Gujarat) ၊ ဒန်း(Dang) ခရိုင်အတွင်းရှိ တောအုပ်တစ်ခု၌ ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး လျှိုမြောက်တစ်ခုထဲသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁ဝ ဦးသေဆုံးပြီး အခြား ကလေးငယ် ၁ဝ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း...