Connect with us

Asia

ဂျပန် နိုင်ငံ တွင် တစ်နေ့ အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ထောင်ကျော် အထိ ထပ်မံ ရောက်ရှိလာ

ဂျပန် နိုင်ငံ တွင် COVID-19 ရောဂါ ဖြစ်ပွားစဉ် အတွင်း နှာခေါင်းစည်း တပ်၍ သွားလာနေသူ များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

ဂျပန် နိုင်ငံ တွင် သြဂုတ် ၁၃ ရက် ၂၀ နာရီ ၃၀ မိနစ် အချိန်ထိ ၂၄ နာရီ အတွင်း COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၁,၁၇၅ ဦး ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ၅၂,၆၀၂ အထိ ရောက်ရှိလာကြောင်း ၊ COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၇ ဦး တိုးမြင့်ခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁,၀၇၃ ဦး အထိ ရောက်ရှိခဲ့ကြောင်း NHK သတင်းဌာန ၏ သြဂုတ် ၁၃ ရက် ဖော်ပြချက် အရ သိရှိရသည်။

ဂျပန် နိုင်ငံ တွင် လတ်တလောရက်ပိုင်း အတွင်း ၃ ရက်ဆက်တိုက် ရောဂါ ထပ်မံ ကူးစက်ခံရသူ တစ်ထောင်အောက် ရှိခဲ့ပြီး သြဂုတ် ၁၃ ရက် တွင် ပြန်လည်၍ ကူးစက်ခံရသူ ထောင်ချီရှိခဲ့ကြောင်း ၊ သြဂုတ်လ တွင် ဂျပန် နိုင်ငံ ၌ တစ်ရက် အတွင်း ရောဂါ ကူးစက် ခံရသူ တစ်ထောင်အောက် ရှိသောရက် မှာ ၄ ရက် သာ ရှိကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ တိုကျို မြို့ တစ်ခုတည်းတွင် သြဂုတ် ၁၃ ရက် ၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၂၀၆ ဦး ရှိခဲ့ပြီး နှစ်ရက်ဆက်တိုက် လူ နှစ်ရာကျော် ကူးစက်ခံရကာ စုစုပေါင်း ၁၆,၆၈၀ ဦး အထိ ရောက်ရှိ ခဲ့ကြောင်း ၊ တိုကျို အပြင် တစ်နေ့ အတွင်း လူပေါင်း တစ်ရာကျော် ကူးစက်ခံရသည့် ဒေသများ မှာ Osaka စီရင်စု ၊ Fukuoka စီရင်စု ၊ Kanagawa စီရင်စု နှင့် Aichi စီရင်စု တို့ ဖြစ်ကြောင်း သိရှိရသည်။

ဂျပန် နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ဂျပန် နိုင်ငံ တွင် လူပေါင်း ၃၆,၁၃၄ ဦး က ရောဂါ မှ ပြန်လည် သက်သာလာခဲ့ပြီး သီးသန့်ခွဲခြား နေထိုင်မှု ကို ပယ်ဖျက်ပေးခဲ့ကြောင်း ၊ လူပေါင်း ၁.၀၈၅ သန်း အား COVID-19 ရောဂါ စစ်ဆေးမှု ပြုလုပ်ပေးခဲ့ပြီး တစ်နေ့လျှင် လူပေါင်း နှစ်သောင်းခုနှစ်ထောင်ကျော် ကို တိုးမြှင့်စစ်ဆေးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

Okinawa စီရင်စု ၏ ထုတ်ပြန်ကြေညာချက် အရ သြဂုတ် ၁၃ ရက် ၁၂ နာရီ အချိန်ထိ Okinawa ရှိ အမေရိကန် စစ်အခြေစိုက်စခန်း တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၃ ဦး တိုးမြင့် ခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၃၂၃ ဦး ရှိလာခဲ့ကာ လူပေါင်း ၂၅၅ ဦး အား သီးသန့်ခွဲခြားနေထိုင်မှု မှ ပယ်ဖျက် ပေးခဲ့ကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.