အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံ အရှေ့ပိုင်း Punjabပြည်နယ်တွင် ဒီဇင်ဘာ ၈ ရက်က အယ်လ်ကိုင်ဒါးအဖွဲ့ဝင် လက်နက်ကိုင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အန်ဒရာပရာဒတ်ပြည်နယ်ရှိ လူဦးရေ ၃.၃ သန်းခန့်အတွက် ဘေးကင်းစိတ်ချရသော သောက်သုံးရေ ရရှိရေးအတွက် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
စင်ကာပူ ၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) စင်ကာပူ နိုင်ငံ ရှိ စားသောက်ဆိုင်များ လတ်တလောကာလ အတွင်း အစာအဆိပ်သင့်မှု မကြာခဏ ဖြစ်ပွား ခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ နေမကောင်းဖြစ်ခဲ့ရကာ တစ်ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။
တိုကျို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမားစီရင်စု ကမ်းရိုးတန်း၌ ယနေ့ (ဒီဇင်ဘာလ ၈ ရက်) အင်အား ၅.၁ ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့အသက်အကြီးဆုံး Youtube အသုံးပြုသူတစ်ဦးဖြစ်သူ အသက် ၁၀၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသား စားဖိုမှူး အဘွား သေဆုံးခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အယ်ပိုင်း Nusa Tenggara ပြည်နယ်အနောက်ပိုင်း Lombok ကျွန်းအနောက်ပိုင်းတွင် ဒီဇင်ဘာလ ၆ ရက် အစောပိုင်းက အင်အား ၅.၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Karnataka ပြည်နယ် Bengaluru မြို့ ရှိ Indian Institute of Science (IISc) အတွင်း ဒီဇင်ဘာ ၅ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သိပ္ပံပညာရှင်တစ်ဦးသေဆုံးပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
တိုကျို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်းကမ်းခြေ၌ ယနေ့ဒီဇင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် နှစ်စင်းပေါင်း လူ ၇ ဦးလိုက်ပါလာသော အမေရိကန်စစ်တပ်မှ လေယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်အစိုးရသတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသမီဒီယာက ဖော်ပြခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ် အထွေထွေရွေးကောက်ပွဲ အပြီး ထိုင်းဘုရင် မဟာဝိဇီယလောင်ကွန်း ၏ ဘိသိက်ခံယူပွဲအခမ်းအနားအား ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဒီဇင်ဘာ ၄ရက်တွင်ပြောကြားခဲ့သည်။
ဂျာကာတာ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papuaပြည်နယ်Ndugaခရိုင်ရှိ လမ်းဆောက်လုပ်ရေးစီမံကိန်းတစ်ခု အတွင်းသို့ လွန်ခဲ့သောရက်များက လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်ရာ အလုပ်သမားဝန်ထမ်း ၃၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။