Connect with us

Asia

အမေရိကန် က စစ်အင်အား အသုံးပြုပါက မြောက်ကိုရီးယား အနေဖြင့် တန်းတူ တုံ့ပြန်မှု ပြန်လည် ဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ဦးစီးချုပ် ပြောကြား

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ ပြည်သူ့ တပ်ဖွဲ့ စစ်ဦးစီးချုပ် Pak Jong-chon က မိမိ အနေဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ ဒီဇင်ဘာ ၃ ရက် ၌ မြောက်ကိုရီးယား နိုင်ငံ အပေါ် ပြောဆိုမှုများအား စိတ်ပျက်မိပြီး မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ရင်ဆိုင်ရဖွယ်ရှိသော လုံခြုံရေး ခြိမ်းခြောက်မှုများ အပေါ် သက်ဆိုင်ရာ ဆောင်ရွက်မှုများ ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက် က ပြောကြား ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ ဒေါ်နယ်ထရမ့် အနေဖြင့် ဒီဇင်ဘာ ၃ ရက် တွင် လန်ဒန် မြို့ ၌ ကျင်းပ ပြုလုပ်သော နေတိုး ထိပ်သီး အစည်းအဝေး အား တက်ရောက် ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ နှင့် ပတ်သက်၍ စစ်အင်အား အသုံးပြုခြင်း ဆိုင်ရာ ကိစ္စရပ် များ ကို ပြောကြား ခဲ့ကြောင်း ၊ မြောက်ကိုရီးယား စစ်ဦးစီးချုပ် Pak Jong-chon က မိမိ အနေဖြင့် တိကျသည့် သဘောထား ရပ်တည်မှု ကို ပြောကြားလိုပြီး အမေရိကန် မှ မြောက်ကိုရီးယား နိုင်ငံ အပေါ် မည်သည့် စစ်အင်အား အသုံးပြုခဲ့သည်ရှိစေ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တန်းတူ သည့် တုံ့ပြန်ဆောင်ရွက်မှု ကို လျှင်မြန်စွာ ပြန်လည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ် က ယခုနှစ် ဧပြီလ တွင် အမေရိကန် နိုင်ငံအား ယခုနှစ်မကုန်မီ သွက်လက်ပြီး လက်တွေ့ကျသည့် သဘောထား ကို ဆောင်ရွက်စေလိုပြီး မြောက်ကိုရီးယား နိုင်ငံ နှင့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး သဘောတူညီချက်  ရရှိစေလိုကြောင်း ၊  ဤသို့မဟုတ်ပါက မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အခြားလမ်း အား ရွေးချယ်လျှောက်လှမ်းမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.