Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ ငါးဖမ်းလှေနစ်မြုပ်မှုတွင် ဗီယက်နမ် သင်္ဘောသားနှစ်ဦးသေဆုံးကြောင်း အတည်ပြု

“Daeseong” သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသူရုပ်အလောင်းကို သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နစ်မြုပ်သွားသော တောင်ကိုရီးယားသင်္ဘောအနီးတွင် တွေ့ရသည့် ရုပ်အလောင်းနှစ်လောင်းမှာ ဗီယက်နမ်နိုင်ငံသား သင်္ဘောသားများ ဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီက တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ သတင်းရင်းမြစ်အား ကိုးကား၍ ဒီဇင်ဘာ ၁၁ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။

၂၉ တန်ရှိသော “Daeseong” သင်္ဘောသည် နိုဝင်ဘာ ၁၉ ရက်က တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဂျယ်ဂျူးကျွန်းအနီး Chagwi ကျွန်းငယ် အနောက်ဘက် ၇၆ ကီလိုမီတာခန့်အကွာတွင် မီးလောင်ပြီးနောက် နစ်မြုပ်သွားခဲ့သည်။

အဆိုပါ သင်္ဘော၌ တောင်ကိုရီးယားနိုင်ငံသား သင်္ဘောသားခြောက်ဦးနှင့် ဗီယက်နမ်နိုင်ငံသား သင်္ဘောသားခြောက်ဦး လိုက်ပါသွားခဲ့သည်။ အသက် ၆၀ အရွယ် တောင်ကိုရီးယားနိုင်ငံသား သင်္ဘောသားတစ်ဦးကိုလည်း တွေ့ရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သင်္ဘောနစ်မြုပ်သည့်နေ့တွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် နစ်မြုပ်သည့် သင်္ဘောအနီး ပင်လယ်ရေအောက် ၄၄ မီတာနှင့် မီတာ၅၀ ခန့်၌ ရုပ်အလောင်းနှစ်လောင်းကို အသီးသီး ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

DNA စစ်ဆေးမှုလုပ်ဆောင်ပြီးနောက် ရုပ်အလောင်းနှစ်လောင်းမှာ ဗီယက်နမ်နိုင်ငံသား သင်္ဘောသားများဖြစ်ကြောင်း၊ နှစ်ဦးလုံးမှာ အသက် ၃၂ နှစ်အရွယ်များ ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ရုပ်အလောင်းများအား ဗီယက်နမ်သံရုံးမှတစ်ဆင့် ၎င်းတို့၏ မိသားစုထံ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နစ်မြုပ်သွားသော သင်္ဘောပေါ်ရှိ ကျန်ရှိသော အခြားသင်္ဘောသားကိုးဦး၏ ကံကြမ္မာကိုမူ မသိရသေးပေ။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.