မနီလာ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တွန်ဒိုခရိုင်ရှိ အိမ်တန်းလျားတစ်ခုတွင် သြဂုတ် ၂၇ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်းမြို့ရှိ ရွှေတံတား (Goldern Bridge) သည် ကမ္ဘာ့ လည်ပတ်ရန် အထင်ကရနေရာ ၁၀၀ စာရင်း၌ တစ်ခု အပါအဝင်ဖြစ်လာကြောင်း အမေရိကန်နိုင်ငံ အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက ရေးသားထားကြောင်း Vietnam News...
ပြုံယမ်း၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ Mount Kumgangတွင် သြဂုတ် ၂၀ရက်က စတင်ကျင်းပခဲ့သည့် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုဝင်များတွေ့ဆုံပွဲကို နှစ်ကြိမ်ခွဲကျင်းပခဲ့ရာ သြဂုတ် ၂၆ရက် တွင် ပြီးဆုံးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟို သတင်း(KCNA)၏ သတင်းများအရ သိရသည်။
FAIZABAD ၊ အာဖဂန်နစ္စတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Basakhshan ပြည်နယ် Nasai ခရိုင်ရှိ အစိုးရအရာရှိတစ်ဦးအား တာလီဘန် စစ်သွေးကြွများက ပြန်ပေးဆွဲခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Sanaullah Rohani က သြဂုတ်လ ၂၆ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံရှိ အရှေ့စီးပွားရေးစြင်္ကံ (Eastern Economic Corridor= EEC) စီမံကိန်းကို ပတ္တယားမြို့ရှိ တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များထံ မိတ်ဆက်ခဲ့ပြီး စက်မှုလုပ်ငန်းဆိုင်ရာ စီမံကိန်းအသစ်များ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း EEC ရုံး အထွေထွေအတွင်းရေးမှူး Kanit Sangsubhan...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရှိ နေရာဒေသအများအပြား၌ ဟာ့ဂျ်ဘုရားဖူးကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သည့် ပါကစ္စတန်နိုင်ငံသား အနည်းဆုံး ၄၂ဦး ရှိကြောင်း ပါကစ္စတန်နိုင်ငံ ဘာသာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အာအိုမိုရိစီရင်စု ၏ ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းထွာချက်များအရ သြဂုတ် ၂၄ ရက်က အင်အား ၅.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံံ မိုးလေဝသဌာန ကပြောကြားခဲ့သည်။
မနီလာ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း အရှေ့ဆာမားပြည်နယ် ၌ သြဂုတ် ၂၄ရက်တွင် အင်အား ၅.၂ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဆိုင်ရာ ဌာန (Phivolcs) က ပြောကြားခဲ့သည်။
ဆိုးလ်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အယူခံတရားရုံးတစ်ခု က သြဂုတ် ၂၄ ရက်တွင် တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွမ်ဟေးအား လာဘ်ပေးလာဘ်ယူမှုများ အပါအဝင် အကျင့်ပျက်ခြစားမှု စွဲချက်များဖြင့် ထောင်ဒဏ် ၂၅နှစ်အထိ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဒေသဆိုင်ရာ Trinamool Congress ပါတီရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦးသေဆုံးခဲ့ပြီး အခြားသူ ၅ ဦးလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၃...