Connect with us

Asia

တရုတ်ကွန်မြူနစ်ပါတီနှင့် နီပေါကွန်ဂရက်ပါတီအကြား ချစ်ကြည်စွာဆက်ဆံမှုများ ပြုလုပ်မည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နီပေါနိုင်ငံကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ရှာ ဗဟာဒူး ဒူဘာ အား ခတ္တမန္ဒူမြို့ ၌ အောက်တိုဘာလ ၁၂ ရက်က လက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နီပေါနိုင်ငံကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ရှာ ဗဟာဒူး ဒူဘာ(Sher Bahadur Deuba)အား အောက်တိုဘာလ ၁၂ ရက်ကလက်ခံတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံ ဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် တရုတ် နိုင်ငံံအနေဖြင့်အဆင်သင့်ရှိကြောင်းပြောကြားခဲ့သည်။

သမ္မတ ရှီကျင့်ဖိန် က နီပေါနိုင်ငံကွန်ဂရက်ပါတီ၏ တရုတ်နိုင်ငံနှင့်သမိုင်းအစဉ်အလာဆက်ဆံမှုကိုသ တိပြုမိကြောင်းနှင့် ပါတီအာဏာရစဉ်ကာလအတွင်း တရုတ်-နီပေါ ဆက်ဆံမှုအတွက် ပါဝင်ကူညီခဲ့မှု အားတရုတ်ပြည်သူတို့က မည်သည့်အခါမျှမေ့ပျောက်မည်မဟုတ်ပါကြောင်းလည်း ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံနှင့်နီပေါနိုင်ငံတို့မှာ အိမ်နီးချင်းကောင်းများဖြစ်သည့်အားလျော်စွာ အစဉ်အမြဲ ညီ နောင်သားချင်း မိတ်ဆွေကောင်းများဖြစ်ကြကြောင်း၊ နီပေါတွင်မည်သည့်ပါတီ အာဏာရသည်ဖြစ်စေ နှစ်နိုင်ငံအကြားတည်ငြိမ်၍ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးကိုထူထောင်ထိန်းသိမ်းရမည်ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီက တရုတ်ကွန်မြူနစ်ပါတီ(CPC) အနေဖြင့်လည်း နီပေါကွန်ဂရက်ပါတီ နှင့်ဆက်သွယ်မှုများ ထိန်းသိမ်းသွားကာ ဖလှယ်မှုများနှင့်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် လိုလားပါကြောင်းပြောကြား ခဲ့သည်။နီပေါနိုင်ငံကွန်ဂရက်ပါတီဥက္ကဋ္ဌ ရှာဗဟာဒူး ဒူဘာ ကလည်းတရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးတက်ဖွံ့ဖြိုး ရန်အလွန်အရေးကြီးပါကြောင်း၊နီပေါနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်တရုတ်နိုင်ငံကရေရှည်အထောက် အကူပေးခဲ့မှုနှင့် နီပေါနိုင်ငံ၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်စိုးမှုကိုစောင့်ရှောက်ရန် ကူညီခဲ့မှုများ အပေါ် အထူးကျေးဇူးတင်ပါကြောင်းပြောကြားခဲ့သည်။

၎င်းကနီပေါအနေဖြင့်တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုသာ ကိုင်စွဲပါကြောင်းနှင့်နီပေါနိုင်ငံအတွင်းတရုတ် နိုင်ငံအားဆန့်ကျင်သည့် မည်သည့်အင်အားစုကိုမှ လက်ခံလှုပ်ရှားခွင့်ပေးမည်မဟုတ်ကြောင်းလည်း ပြောခဲ့သည်။ ဒူဘာ က နီပေါကွန်ဂရက်ပါတီက တရုတ်ကွန်မြူနစ်ပါတီနှင့်ချစ်ကြည်စွာဆက်ဆံမှုများ တိုးတက်ရန်လည်းအဆင်သင့်ရှိပါကြောင်း ပြောကြားသွားခဲ့သည်။(Xinhua)