Connect with us

Asia

နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့လေဆိပ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် နိုင်ငံတော်အလည်အပတ်ခရီးရောက်ရှိ

နီပေါနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား ခတ္တမန္ဒူမြို့လေဆိပ် ၌ နီပေါနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ က ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

 

ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၃ ရက်(ဆင်ဟွာ

)တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ၂၃ နှစ်တာကာလအတွင်း နီပေါနိုင်ငံသို့ တရုတ် အကြီးအကဲခေါင်းဆောင်တစ်ဦး၏ ပထမဆုံး ချစ်ကြည်ရေးခရီးအဖြစ် အောက်တိုဘာလ ၁၂ ရက်က  ခတ္တမန္ဒူမြို့လေဆိပ်သို့ ရောက်ရှိလာကြောင်းသိရသည်။ခတ္တမန္ဒူမြို့လေဆိပ် တွင် နီပေါနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ ကအခမ်းအနားဖြင့် ကြိုဆိုခဲ့ ရာ နီပေါနိုင်ငံဒုတိယသမ္မတ နန်ဒါဗဟာဒူး ပွန်၊ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဂါနက်ရှ် ပရာဆတ် တီမီလ်ဆီနာ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သမ္မတ ရှီအား အမြောက် ၂၁ ချက်ပစ်ဖေါက်ဂုဏ်ပြုကြိုဆိုခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်က နီပေါပြည်သူများသို့ တရုတ်ပြည်သူများ၏ နှုတ်ဆက်ဆုတောင်း စကားများပေးပို့ပါကြောင်း ပြောကြား ခဲ့သည်။သမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ၆၄ နှစ်တာကာလအတွင်း တရုတ်နိုင်ငံနှင့်နီပေါနိုင်ငံ တို့သည်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက် ကိုလက်ခံကျင့် သုံးလိုက်နာခဲ့ကြပြီး နှစ်နိုင်ငံအစဉ်အလာရင်းနှီးချစ်ကြည်မှုကို ထိန်းသိမ်းကာ အရွယ်ပမာဏနှင့်မူဝါဒ မတူညီသောနိုင်ငံများအကြား အပြန်အလှန်လေးစားမှုနှင့်ညီမျှမှု တို့ကို နမူနာအဖြစ် ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နီပေါနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ တို့ ခတ္တမန္ဒူမြို့လေဆိပ် ၌ ဂုဏ်ပြုတပ်ဖွဲ့အားကြည့်ရှုစစ်ဆေးစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ခတ္တမန္ဒူမြို့လေဆိပ် ၌ နီပေါကလေးငယ်များက နှစ်နိုင်ငံအလံများဝှေ့ယမ်းနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ခတ္တမန္ဒူမြို့လေဆိပ် ၌ နီပေါကလေးငယ်များက နှစ်နိုင်ငံအလံများဝှေ့ယမ်းနှုတ်ဆက်နေကြစဉ်(ဆင်ဟွာ)

ရှီက နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု တို့အတွက်နီပေါခေါင်းဆောင်များနှင့်ဆွေွးနွေး ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ရန်မျှော်လင့်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။၎င်း၏ခရီးစဉ်မှ နှစ်နိုင်ငံဆက်ဆံမှုတိုးချဲ့ပြီး နှစ်နိုင်ငံပြည်သူများ၏အကျိုးစီး ပွားများကို သယ်ပိုးရန်ဆောင်ရွက်သွားမည်ဟုလည်း ရှီ ကပြောခဲ့သည်။လေဆိပ်မှခတ္တမန္ဒူမြို့အတွင်းသွားရာလမ်းတစ်လျှောက်တွင် သမ္မတရှီကျင့်ဖိန် နှင့် မစ္စစ်ဘန်ဒါရီ တို့၏ ပုံတူရုပ်ပုံများစိုက်ထူထားကာ လမ်းတစ်ဖက်တစ်ချက်မှနီပေါပြည်သူများက နှစ်နိုင်ငံအလံများဝှေ့ယမ်း ကြိုဆိုခဲ့ကြကြောင်းလည်းသိရသည်။(Xinhua)