Connect with us

Asia

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်က နီပေါ-တရုတ် ဆက်ဆံရေးကို မြှင့်တင်ပေးမည်ဟု နီပေါနိုင်ငံ ဝန်ကြီးချုပ်ပြောကြား

နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီအား အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံသို့ မကြာမီလာရောက်မည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်က နီပေါ-တရုတ် ဆက်ဆံရေးအား အဆင့်သစ်သို့ မြှင့်တင်ပေးမည့် သမိုင်းဝင်ခရီးစဉ်ဖြစ်ကြောင်း နီပေါနိုင်ငံဝန်ကြီးချုပ် ကေပီ ရှာမာအိုလီ (K.P. Sharma Oli) က အောက်တိုဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ကာလရှည် ရင်းနှီးချစ်ကြည်မှုရှိကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် ဆင်ဟွာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် အိုလီက ပြောခဲ့သည်။ အိုလီက “၁၉၅၅ ခုနှစ်မှာ သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် ကျွန်တော်တို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးက ဆက်လက်ပြီး ခိုင်မာလာခဲ့တယ်” ဟု ဆိုသည်။

“ကျွန်တော်တို့က အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ညီအစ်ကိုကောင်း၊ ညီအစ်မကောင်းတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့မှာ အလွန်ကောင်းတဲ့ ရင်းနှီးချစ်ခင်မှုနဲ့ အပြန်အလှန်ယုံကြည်မှုတွေ ရှိကြတယ်” ဟု ဝန်ကြီးချုပ်က ပြောခဲ့သည်။

ရှှီ၏ နီပေါနိုင်ငံသို့ခရီးစဉ်သည် ၂၃ နှစ်တာကာလအတွင်း တရုတ်သမ္မတ တစ်ဦးအနေဖြင့် ပထမဆုံး လာရောက်ခြင်းဖြစ်ပြီး “အဓိပ္ပါယ်အသစ်” တစ်ခုအဖြစ် တည်ရှိမည်ဖြစ်ကာ နှစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေး တိုးမြှင့်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ထောက်ပံ့ပေးလျက်ရှိသည်။

နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှာမာအိုလီအား ဆင်ဟွာသတင်းဌာနက တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကမာ္ဘလုံးဆိုင်ရာ ငြိမ်းချမ်းရေး၊ သာတူညီမျှရေးနှင့် တရားမျှတရေးအား ကာကွယ်ရန် ကြီးမားသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လျက်ရှိကြောင်း ဝန်ကြီးချုပ် အိုလီက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် အိုလီက ၂၀၁၅ ခုနှစ် က နီပေါနိုင်ငံ၌ ငလျင်ဒဏ်ခံစားခဲ့ရပြီးနောက် တရုတ်နိုင်ငံက အကူအညီ ပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက ကျွန်တော်တို့ကို အကြီးမားဆုံး ထောက်ပံ့ပေးသူပါပဲ။ သဘာဝဘေးဒဏ် လျော့ပါးသက်သာဖို့အတွက်သာမဟုတ်ဘဲ သဘာဝဘေးအလွန် ပြန်လည်တည်ဆောက်ရေးအတွက်လည်းပဲ တရုတ်နိုင်ငံက ထောက်ပံ့ပေးခဲ့တယ်လေ” ဟု ၎င်းက ဆိုသည်။

ထို့နောက် တရုတ်နိုင်ငံက နီပေါနိုင်ငံ၏ ကမာ္ဘလှည့်ခရီးသွားများတွင် အရေးပါသော အရင်းအမြစ် ဖြစ်လာခဲ့သည်ကို မှတ်ချက်ပြုပါကြောင်းနှင့် လာမည့်နှစ်တွင် “၂၀၂၀  နီပေါ ခရီးသွားနှစ်” အဖြစ် ပြုလုပ်မည်ဖြစ်သောကြောင့် တရုတ်ခရီးသွားများအား ပိုမိုကြိုဆိုပါကြောင်း  ဝန်ကြီးချုပ် အိုလီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.