ကဘူးလ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း အာဖဂန် အထူးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံ Tolonews ရုပ်သံက သြဂုတ်လ ၁၃ ရက်တွင် သတင်းတင်ပြခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ်တွင် ကားတစ်စီးသည် လမ်းချော်ပြီး ချောက်တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ရာ ကလေးငယ် ၇ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က သြဂုတ် ၁၂ရက်တွင်ပြောကြားခဲ့သည်။
မိုင်မာနာ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Faryabပြည်နယ် ရှိ စစ်စခန်းတစ်ခုကို သြဂုတ် ၁၁ ရက် ညပိုင်းက တာလီဘန်စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၁၁ဦးသေဆုံးပြီး အခြားတပ်ဖွဲ့ဝင် ၂၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၂ ရက်တွင်...
ဟိုချီမင်းစီးတီး၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတောင်ပိုင်း Tien Giang ပြည်နယ် ရှိ မူးယစ်ဆေးဝါးဖြတ်စခန်းတစ်ခု ၏ ဂိတ်တစ်ခုကို သြဂုတ်၁၁ ရက် မူးယစ်ဆေးစွဲသူ အယောက် ၂၀၀ က ဖျက်စီး၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ပြည်တွင်းသတင်းဌာနက ဖော်ပြခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) မကြာသေးမီက သားအိမ်အစားထိုးမှု အောင်မြင်စွာ ဆောင်ရွက်ပြီးသည့် အိန္ဒိယ အမျိုးသမီးသည် အာရှတွင် ပထမဆုံး သားအိမ်အစားထိုးခွဲစိတ်မှုဖြင့် ကလေးမွေးဖွားတော့မည် ဖြစ်ကြောင်း မဟာရက်ရှ်ထရာပြည်နယ် အနောက်တောင်ပိုင်း Pune မြို့ရှိ ပုဂ္ဂလိကဆေးရုံရှိ ဆရာဝန်များက ပြောကြားခဲ့သည်။
ဂျကာတာ ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒို နှင့် ၂ဝ၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ၎င်း၏အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝိုဆူဗီယန်တို(Prabowo Subianto) တို့သည် လာမည့် ၂ဝ၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်ထံသို့သြဂုတ် ၁ဝ ရက်က သမ္မတလောင်းအဖြစ် အသီးသီးအမည်စာရင်းပေးသွင်း...
ဗီယင်ကျန်း ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) လာအိုနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှစ၍ သဘာဝဘေးအန္တရာယ်များကြောင့် သေဆုံးသူ ၁၀၈ ဦး ရှိပြီး အခြေခံ အဆောက်အဦနှင့်အခြားဆုံးရှုံးနစ်နာမှုများသည် လာအို ငွေ ကစ်ပ် ၄၆၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၅ မီလီယံခန့်) ဆုံးရှုံးခဲ့ကြောင်း လာအို...
ဆိုးလ်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် အဆင့်မြင့်ဆွေးနွေးပွဲများကို သြဂုတ်လ ၁၃ ရက်တွင် နယ်စပ်ကျေးရွာ ပန်မွန်ဂျုံ၌ တွေ့ဆုံရန် သြဂုတ်လ ၉ ရက်က သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဟောင်ကောင်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ တိုဒိုကျွန်း အရှေ့တောင်ဘက် ၃ ကီလိုမီတာတွင် သြဂုတ်လ ၉ ရက် ဂရင်းနစ်စံတော်ချိန် ၅ း ၂၅ း ၃၁ နာရီ၌ အင်အား ၅.၉ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်...
နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့ တွင် သြဂုတ် ၈ ရက် နှောင်းပိုင်းက အရှိန်ဖြင့်မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စင်းဖြင့် တိုက်မိ၍ နွားအကောင် ၂၀ သေဆုံးခဲ့ကြောင်း ရထားလမ်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။