Connect with us

Asia

ဘရာဇီးနိုင်ငံ၊အမေဇုန် တောမီးလောင်မှုအတွက် အိန္ဒိယနိုင်ငံ၊မွမ်ဘိုင်းမြို့တွင် ဘရာဇီး ကောင်စစ်ဝန်ရုံးအားဆန္ဒပြ


မွမ်ဘိုင်း၊ သြဂုတ်လ ၂၄ ရက်(ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၊အမေဇုန် သစ်တော တွင်နှစ်ပတ်ကြာ ပြင်းထန်စွာ တောမီးလောင်ကျွမ်းနေမ ှုအတွက် အမေဇုန်ဒေသရှိ ပြည်သူများနှင့် စည်းလုံးညီညွတ်မ ှုရှိကြောင်း ပြသကြရန ်အတွက် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ ဘရာဇီး ကောင်စစ်ဝန်ရုံးအပြင်ဘက်တွင်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှား သူူများ က သြဂုတ်လ ၂၃ ရက် က ဆန္ဒပြခဲ့ကြကြောင်းသိရသည်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာတက်ကြွလှုပ်ရှားသူူတစ်ဦးဖြစ်သော ရှီကာဒါဝန် က “အိန္ဒိယနိုင်ငံမှာမကြုံ စဖူး မိုးရွာသွန်းမှုကြောင့် လက်ရှိအချိန်မှာ ရေလွှမ်းမိုးမှုတွေဖြစ်နေသလိုပဲ ရာသီဥတုပြောင်းလဲမှုကို ဦး တည်တဲ့ ဒီစိုးရိမ်ဖွယ်တောမီးလောင်မှုအဖြစ်ဆိုးအပေါ် နိုင်ငံသားအားလုံးက ဝိုင်းဝန်းအာရုံစိုက်သွားကြ ဖို့ မှတ်ချက်ချလိုပါတယ်” ပြောကြားခဲ့သည်။

အမေဇုန်သစ်တောဒေသတွင် သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှုနှင့် တောမီးလောင်ကျွမ်းနေမှုများအတွက် ဘရာဇီးနိုင်ငံအစိုးရအပေါ် ဖိအားပေးမှုပြုလုပ်သွားနိုင်ရန် မွမ်ဘိုင်းမြို့ရှိ ဘရာဇီးကောင်စစ်ဝန်ရုံးအပြင်ဘက်တွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူများက သြဂုတ်လ ၂၃ ရက်က ဆန္ဒပြနေကြစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘရာဇီးနိုင်ငံအစိုးရအပေါ် ထိုကိစ္စနှင့်ပတ်သက်၍ ဖိအားပေးမှုပြုသွားနိုင်ရန် အလားတူဆန္ဒပြပွဲများကို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနှင့်အခြားသောမြို့ကြီးများအပြင် ကမ္ဘာတစ်ဝန်း၌ပြုလုပ်ခဲ့ကြကြောင်း ဖြင့်လည်း ၎င်း ကပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံတွင်တည်ရှိသော မုတ်သုန်သစ်တောဒေသက ကမ္ဘာကြီးတစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်းသော အောက်ဆီဂျင်ဓါတ်ငွေ့ကို ထုတ်လုပ်ပေးနိုင်ပြီး ၎င်း၏လက်ရှိတောမီးလောင်မှုက ၂၀၁၉ ခုနှစ်တွင်က မ္ဘာတစ်ဝန်း မီးလောင်မှုပေါင်း ၇၂,၀၀၀ ကျော်အနက်တစ်ခုဖြစ်သည်။ထို့ပြင် ၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီ လမှသြဂုတ်လအထိ အမေဇုန်တောမီးလောင်ကျွမ်းမှုက ယခင်နှစ်အလားတူ ကာလနှင့်နှိုင်းယှဉ်ပါက ၈၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

ဆန္ဒပြနေကြသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူူများ က အမေဇုန်ဒေသတွင်သာ မက ကမ္ဘာ့အခြားသောနေရာများတွင်ပါ အလားတူမီးလောင်မှုများနှင့် ရာသီဥတုပြောင်းလဲမှုများအ တွက် ၎င်းတို့၏စိုးရိမ်မှုကိုထုတ်ဖေါ်ပြသရန် ဘရာဇီးကောင်စစ်ဝန်ချုပ်ထံ စာတစ်စောင်ပေးပို့သွားမည် ဟု လည်းသီရသည်။(Xinhua)