Connect with us

Asia

ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ဖြစ်ပွားသော ပစ်ခတ်မှု အတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး ၊ တစ်ဦး ဒဏ်ရာ ရရှိ

ပါကစ္စတန် နိုင်ငံ မြို့ တော် အစ္စလာမ်မာဘတ်၌ အခင်းဖြစ်ပွားရာ နေရာတွင် ရှာဖွေစုံစမ်းမှုများ ပြုလုပ်နေသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ)

ရဲကင်းစခန်း တစ်ခုအား သြဂုတ် ၂၁ ရက် ညပိုင်းတွင် မည်သူမည်ဝါမှန်း မသိရသည့် အကြမ်းဖက်သမား တစ်ချို့ ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စလာမ် မာဘတ်မြို ့၏ အထူး လက်ထောက် မဟာမင်းကြီး(ADC)က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အကြမ်းဖက်သမားများသည် အစ္စလာမ်မာဘတ်မြို့၏ အစွန်အဖျားရှိ ဟင်းသီးဟင်းရွက်ဈေးအနီးတွင် ရှိသော ရဲကင်းစခန်းအား ဝင်ရောက် ပစ်ခတ်ပြီး ယင်းနေရာမှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြကြောင်း အထူး လက်ထောက် မဟာမင်းကြီး Waseem Khan က ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့ဝင် တစ်ဦးက အခင်းဖြစ်ပွားတဲ့ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။နောက်ထပ် ဒဏ်ရာ ရသူ နှစ်ဦးကို အစ္စလာမ်မာဘတ်မြို့က ဆေးရုံကို ပို့ဆောင်နေတုန်းမှာ တစ်ဦးက ရရှိတဲ့ ဒဏ်ရာ ပြင်းထန်လာပြီး သေဆုံး သွားခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာမှ ရရှိသော သက်သေများဖြင့် ပစ်ခတ်မှု ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးလျက် ရှိနေကြောင်း ယင်းအရာရှိက ပြောကြားခဲ့သည်။သို့သော်လည်း ယခုထိ မည်သည့် အုပ်စု သို့မဟုတ် တစ်ဦးတစ်ယောက်ကမျှ ၎င်းတို့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝန်ခံထားခြင်း မရှိပေ။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117