Connect with us

Asia

တောင်ကိုရီးယား နိုင်ငံ က အမေရိကန် နိုင်ငံ မှ ကိုယ်ပျောက်တိုက်လေယာဉ်များ တင်သွင်းမှု အပေါ် မြောက်ကိုရီးယား ပြင်းထန်စွာ ပြစ်တင်ဝေဖန်

F-35A ကိုယ်ပျောက် တိုက်လေယာဉ် တစ်စင်း ပျံသန်း နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၂၂ ရက် ၌ တောင်ကိုရီးယား နိုင်ငံ ၏ အမေရိကန် နိုင်ငံ မှ ကိုယ်ပျောက်တိုက်လေယာဉ်များ ထပ်မံ တင်သွင်းမှု အပေါ် ပြင်းထန်စွာ ပြစ်တင်ဝေဖန် ခဲ့ပြီး ယင်းဆောင်ရွက်မှု က ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းမှု ကို ခြိမ်းခြောက်မှု ဖြစ်စေသည့် အတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် သဘောဆန္ဒထား ကို လျော့ကျစေကြောင်း ပြောကြား ခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ က လတ်တလော ကာလ အတွင်း ကိုရီးယား ကျွန်းဆွယ် ၌ အန္တရာယ်များ သော စစ်အေး လက္ခဏာ များ ဖြစ်ပေါ်နေကြောင်း ၊ တောင်ကိုရီးယား နိုင်ငံ က မြောက်ကိုရီးယား နိုင်ငံ ၏ ထပ်တလဲလဲ ကန့်ကွက်မှု ကို လျစ်လျူရှု ပြီး အမေရိကန် နိုင်ငံ မှ F-35A ကိုယ်ပျောက် တိုက်လေယာဉ် ကို ထပ်မံ တင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ မြောက်ကိုရီးယား နိုင်ငံ အပေါ် စစ်ရေးအရ ရန်ပြုမှုများ တိုးချဲ့ဆောင်ရွက်ခြင်း က မြောက်ကိုရီးယား နိုင်ငံ ၏ တွေ့ဆုံဆွေးနွေးမှုများ တွင် ပါဝင်ဆောင်ရွက်မည့် သဘောထား ဆန္ဒ ကို လျော့ကျ စေမိကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန်-တောင်ကိုရီးယား ၏ ပူးပေါင်းစစ်ရေး လေ့ကျင့်မှု နှင့် တောင်ကိုရီးယား နိုင်ငံ တွင် စစ်အင်အား တိုးချဲ့ချထားမှု တို့ က ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေး ကို ထိခိုက်စေသော အန္တရာယ်များ သည့် ဆောင်ရွက်မှု ဖြစ်သည် ကို အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် တွေ့ဆုံဆွေးနွေးမှု မှ တစ်ဆင့် အငြင်းပွားမှု ကို ဖြေရှင်းမည့် သဘောထား ရပ်တည်မှု က ပြောင်းလဲခြင်း မရှိသော်လည်း စစ်ရေးခြိမ်းခြောက် နှင့် အတူ ဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးမှုမျိုး အပေါ် စိတ်မဝင်စားကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ သတင်းအချက်အလက် များ အရ ရေးသား သည့် သတင်းဖေါ်ပြချက်များတွင် တောင်ကိုရီးယား နိုင်ငံ လေတပ် အနေဖြင့် ၂၀၂၁ ခုနှစ် တွင် F-35A တိုက်လေယာဉ် အစင်း ၃၀ ကျော် အား နေရချထားရန် စီစဉ်ထားပြီး သြဂုတ်လ ၂၁ ရက် ၌ တောင်ကိုရီးယား နိုင်ငံ လေတပ် စခန်း သို့ F-35A တိုက်လေယာဉ် နှစ်စင်း ရောက်ရှိနေပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။(Xinhua)