Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က ပြည်ပြေးအတိုက်အခံခေါင်းဆောင်ဟောင်းအား ပြင်သစ်တရားရုံး၌ အသေရေဖျက်မှုဖြင့် တရားစွဲ

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆမ်ဒက်ဟွန်ဆန်က ပြည်ပြေးအတိုက်အခံခေါင်းဆောင်ဟောင်းSam Rainsy အား အသရေဖျက်မှုဖြင့် ပြင်သစ်နိုင်ငံရှိတရားရုံးတစ်ခု၌ သြဂုတ် ၂ဝ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း ဝန်ကြီးချုပ်ဥပဒေအတိုင်ပင်ခံဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ယင်းမှာ ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံရပ်ခြားတရားရုံးတစ်ခုတွင် ပြင်သစ်နိုင်ငံသားခံယူထားသည့် ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင်ဟောင်း Rainsy အားပထမဆုံးအကြိမ် တရားစွဲဆိုခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟွန်ဆန်က Luc Brosselet ၊ Frederic Doyez နှင့် Didier Leick သုံးဦးအား ၎င်း၏ ရှေ့နေများ အဖြစ်တာဝန်ပေးအပ်ထားကြောင်း နှင့် ပြင်သစ်နိုင်ငံပါရီမြို့ရှိ တရားရုံးတစ်ခုတွင် Rainsy အား အသရေဖျက်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။(Xinhua)