ဘန်ကောက်၊ မေ ၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ (Thaksin Shinawatra) က ၎င်း၏ နိုင်ငံကူးလက်မှတ် (Passport) အား ပြန်ပေးရန် အသနားခံစာတင်ထားမှုအား ထိုင်း တရားရုံးချုပ်က ပယ်ချလိုက်ကြောင်း၊ ထိုင်းနိုင်ငံ၏ တရားရုံးစနစ်မှာ ယိုယွင်းနေပြီဖြစ်ကြောင်း ၎င်း၏ တွစ်တာအကောင့်တွင် ပြောကြားထားသည်။
နယူးဒေလီ၊ မေ ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရာရှ်ထရာပြည်နယ်တွင် လူအုပ်အတွင်းသို့ အရှိန်လွန် ထရပ်ကားတစ်စီး ဝင်တိုက်မိခြင်းကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ ၁ ရက်တွင် ပြောကြားလိုက်သည်။
ဒါကာ၊ မေ ၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ နေရာဒေသများတွင် ဧပြီ ၃၀ရက်က မိုးကြိုးပစ်မှုများကြောင့် လူ ၁၄ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်း Surat Thani ပြည်နယ် ၌ ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ခရီးသွားဘတ်စ်ကားတစ်စီး လမ်းဘေးမြောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခုကဖော်ပြခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ် မြစ်တစ်ခု၌ လှေတစ်စီး တိမ်းမှောက်မှုကြောင့် ဧပြီ ၃၀ ရက် နံနက်ပိုင်းတွင် ရုပ်အလောင်းများ ဆယ်ယူရရှိခဲ့ပြီး ယခုအချိန်အထိ လူ ၈ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသောနေရာများ၌ မိုးကြိုးထိမှန်ကာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ပြုံယမ်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက ပြုံယမ်းစံတော်ချိန်အား မေလ ၅ ရက်မှ စတင်ကာ လက်ရှိအချိန်ထက် ရှေ့သို့ နာရီဝက်စော၍ ပြန်လည်ချိန်ညှိသတ်မှတ်မည် ဖြစ်ကြောင်း Korean Central News Agency (KCNA) က ဧပြီလ ၃၀ ရက်တွင် သတင်းတင်ပြခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့၏ တွေ့ဆုံပွဲသည် လာမည့် သီတင်းပတ် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း ဖြစ်နိုင်ကြောင်း ဧပြီလ ၂၈ ရက်က မီချီဂန်ပြည်နယ်၌ ရှိနေစဉ် ထရမ့်က ပြောကြားခဲ့သည်။
ဆိုးလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်က ၎င်းတို့နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုပြုလုပ်ရာနေရာအား မေလတွင် ပွင့်လင်းစွာ ပိတ်သွားမည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။