Connect with us

Asia

ထိုင်းနိုင်ငံတွင် ဇွန်လ ၅ ရက်၌ ဝန်ကြီးချုပ်သစ် ရွေးချယ်ရန်ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသော အောက်လွှတ်တော် ဥက္ကဋ္ဌ ချွန်လိခ်ပိုင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက ဇွန်လ ၅ ရက်တွင် ဝန်ကြီးချုပ်သစ်အား ရွေးချယ်ရန်ရှိကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ချွန်လိခ်ပိုင် (Chuan Leekpai) က မေလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်အတွက် မဲပေးရွေးချယ်ကြရန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် ပူးတွဲအစည်းအဝေးတွင် အောက်လွှတ်တော်ကိုယ်စားလှယ်များနှင့် အထက်လွှတ်တော်ကိုယ်စားလှယ်များအားလုံး တက်ရောက်ကြမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ချွန်းက ပြောသည်။ မဲပေးခြင်းအား အစည်းအဝေးတက်ရောက်သူများ အပေါ်အခြေခံ၍ ပွင့်လင်းစွာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ဘုရင် မဟာဗာဂျီရာလောင်ကွန်း (Maha Vajiralongkorn) က အောက်လွှတ်တော်၏ ဥက္ကဋ္ဌတစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အထက်လွှတ်တော်၏ ဥက္ကဋ္ဌ တစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦး၏ အမည်စာရင်းများအား ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြောကြားထားသည့် တော်ဝင်ကြေညာချက်နှစ်စောင်အား ထိုင်း တော်ဝင်ဂေဇက် ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားသည်။

တော်ဝင်ခွင့်ပြုချက်အရ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဒီမိုကရက်ပါတီမှ ချွန်းလိခ်ပိုင်အား အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ပါလန် ပရာချရတ်ပါတီမှ စူချတ် တန်ချာရိုယန်နှင့် စူပါချိုင်ဖိုစူတို့အား အောက်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ ၁ နှင့် ၂ အဖြစ်လည်းကောင်း အသီးသီးအမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချွန်းသည် အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးနှင့်အတူ ပါလီမန်နာယကတာဝန်ပါ ပူးတွဲထမ်းဆောင်မည် ဖြစ်သည်။

ထို့ပြင် တော်ဝင်ခွင့်ပြုချက်အရ အမျိုးသား ဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌဟောင်း ပွန်ပတ်ချ် ဝီချစ်ချွဲချိုင် (Pornpetch Wichitcholchai) အား အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ၁ နှင့် ၂ အဖြစ် ဆင်းစွတ်စင်ဖရိုင် (Singsuek Singphrai) ၊ စူပါချိုင်ဆွမ်ချာရိုယန် (Supachai Somcharoen) တို့အား လည်းကောင်း အသီးသီးခန့်အပ်ခဲ့ကြောင်း သိရသည်။

အထက်လွှတ်တော်ဥက္ကဋ္ဌ ပွန်ပတ်ချ် ဝီချစ်ချွဲချိုင်သည်လည်း ပါလီမန် ဒုတိယနာယကအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်မည်ဟု တာဝန်ယူမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.