Connect with us

Asia

အင်ဒိုနီးရှား နိုင်ငံ အနောက်ပိုင်း၌ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန် ထားခြင်း မရှိ

အင်ဒိုနီးရှား နိုင်ငံ၌ ၂၀၁၈ ခုနှစ် အတွင်း ဆူနာမီကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ ရစဉ် (ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အနောက်မြောက်ပိုင်း ဆူမတြား ပြည်နယ်၌ ယနေ့ဇွန် ၃ ရက်တွင် ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့သော်လည်း ဆူနာမီ လှုတ်ခတ်နိုင်သည့် အလားအလာ မရှိကြောင်း မိုးလေဝသ နှင့် ဘူမိရူပ အေဂျင်စီက ပြောကြားခဲ့သည်။

မြေငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်တွင် Nias Selatan ၏ အနောက်တောင်ဘက် ၃၀ ကီလိုမီတာကို ဗဟိုပြု၍ ပင်လယ်ကြမ်းပြင်အောက် အနက် ၁၉ ကီလိုမီတာတွင် လှုပ်ခတ်သွားခဲ့ကြောင်း အေဂျင်စီမှ တာဝန်ခံ အရာရှိ တစ်ဦး ဖြစ်သူ Slamet Wijaya က ပြောကြားခဲ့သည်။

အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် ဆူနာမီ ဖြစ်နိုင်ချေ မရှိသည့် အတွက် သတိပေးချက် ထုတ်ပြန်ခြင်း မပြု ကြောင်း ၎င်းက ဆင်ဟွာသို့တယ်လီဖုန်းမှတဆင့် ပြောကြားခဲ့သည်။

ငလျင် လှုပ်ခတ်မှုအား Padang Sidempuan နှင့် Gunungsitoli မြို့တို့တွင် သိရှိ ခံစားခဲ့ရကြောင်း ၊ ပမာဏာ အစီရင်ခံချက်များ အရ ပျက်စီးဆုံးရှုံးမှု နှင့် ထိခိုက် ဒဏ်ရာ ရရှိသူ မရှိကြောင်း Slamet Wijaya က ထည့်သွင်း ပြောကြားခဲ့သည်။

ဆူမတြား ပြည်နယ်၌ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်ပြီး ၇ မိနစ်အကြာတွင် နောက်ဆက်တွဲ ငလျင် အဖြစ် ပြင်းအား ၅.၅ အဆင့်ရှိ ငလျင် တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံသည် ငလျင်ဇုံ ဟုခေါ်သော ပစိဖိတ် ငလျင်ကြောတွင် ကျရောက်နေကြောင်း သိရသည်။(Xinhua)