Connect with us

Asia

ပါကစ္စတန်နိုင်ငံ ဆေးရုံတစ်ခုတွင် လေအေးပေးစနစ် AC ချွတ်ယွင်းမှုကြောင့် မွေးကင်းစ ကလေးငယ် ၈ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ Sahiwal ခရိုင်ဆေးရုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ် ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Sahiwal ခရိုင်အတွင်းရှိ အစိုးရဆေးရုံတစ်ခုတွင် မြင့်မားသောအပူချိန်အောက်တွင် လေအေးပေးစနစ် AC ချွတ်ယွင်းမှုကြောင့် ၂၄ နာရီအတွင်း မွေးကင်းစ ကလေးငယ် ၈ ဦးသေဆုံးသွားကြောင်း ဒေသတွင်းမီဒီယာ နှင့် တာဝန်ရှိသူများက ဇွန် ၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

Sahiwal ခရိုင်ဒုတိယကော်မရှင်နာမင်းကြီး Zaman Wattoo က ပန်ဂျပ်ပြည်နယ်အစိုးရ၏ အထူးကျန်းမာရေးစောင့်ရှောက်မှု နှင့် ဆေးပညာဌာနသို့ပေးပို့သော စာတစ်စောင်တွင် မွေးကင်းစကလေးငယ်များသေဆုံးရသည့် အဓိကအကြောင်းအရာမှာ လေအေးပေးစနစ်(AC)ချွတ်ယွင်းမှုကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

ခရိုင်ဆေးရုံကြီး၏ မွေးကင်းစ ကလေးဆောင်၌ AC လေအေးပေးစနစ် ချွတ်ယွင်းမှုကြောင့် မွေးကင်းစကလေးငယ်များ သေဆုံးမှုဖြစ်ပေါ်နေကြောင်းနှင့်ပတ်သက်၍ လူနာရှင်တစ်ဦး၏ ဇွန် ၁ ရက် ညပိုင်းတွင် အရေးပေါ်ဖုန်းဆက်သတိပေးချက်ကို လက်ခံရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ မွေးကင်းစ ကလေးဆောင်ကို ကျွန်တော်ချက်ချင်းလိုက်သွားတယ်။ ဟိုရောက်တော့ လေအေးပေးစနစ်ပျက်စီးနေလို့အခန်းအပူချိန် မြင့်တက်နေတာကို ကြုံတွေ့ခဲ့ရတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။သို့သော် လေအေးပေးစနစ်ချွတ်ယွင်းမှုကြောင့် ကလေးငယ်များ သေဆုံးခဲ့ရဖွယ်ရှိသည် ဆိုသည့် အတည်ပြုချက်အား ထုတ်ပြန်ထားခြင်းမရှိသေးပေ။ (Xinhua)