ဆိုးလ်၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် သည် မြောက်ကိုရီးယားနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် ဖေဖော်ဝါရီ ၁၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သမ္မတအိမ်ပြာတော် က ဖေဖော်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စင်ကာပူ ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်းသည် စင်ကာပူနိုင်ငံသို့အလည်အပတ်ခရီးရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ချန်ဝမ်ကွမ်း ( Chang Wanquan) အား ဖေဖော်ဝါရီ ၇ ရက်တွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ရုတ်တရက် အိတ်ချ်အိုင်ဗီ (HIV) ကူးစက်ခံရသူများအား စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ လူနာများအား ဆေးထိုးအပ် တစ်ချောင်းထဲဖြင့် ဆေးထိုးပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၆ ရက်က ထုတ်ဖော်ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttarakhand ပြည်နယ် ၌ ဖေဖော်ဝါရီ ၇ရက်တွင် ဂျစ်ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် တီဘီရောဂါခံစားနေရသူ ယောက္ခမအား ဆေးကုသရန်အတွက် အိန္ဒိယ အခွံပျော့လိပ် အများအပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဒေလီရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ တောင်ကိုရီးယား နိုင်ငံ တွင် ဖျော်ဖြေမှု ပြုလုပ်ရန် သွားရောက် သည့် မြောက်ကိုရီးယား နိုင်ငံ အနုပညာ ကိုယ်စားလှယ် အဖွဲ့ သည် တောင်ကိုရီးယား နိုင်ငံ...
တိုင်ပေ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ထိုင်ဝမ်၏ Hualien ဒေသအနီး၌ ဖေဖော်ဝါရီ ၆ ရက် ည ၁၁ နာရီ ၅ဝ မိနစ်တွင် ပြင်းအား ၆.၅ မက္ကနီကျူ့အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း...
ဟိုချီမင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် နေရာတစ်ခုအဖြစ် နိုင်ငံအတွင်းရှိ အကြီးဆုံးကျွန်းကို ဆက်သွယ်ပေးထားသော အလျား ၈၉ဝဝ မီတာရှိသည့် ကမ္ဘာ့အရှည်ဆုံး ကောင်းကင်ကေဘယ်လ်ကားလိုင်း ကို ဖွင့်လှစ်ပေးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ယနေ့ဖေဖော်ဝါရီ ၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မာလီ ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) မော်လ်ဒိုက် နိုင်ငံ သမ္မတဟောင်း Maumoon Abdul Gayoom အား ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် မော်လ်ဒိုက် နိုင်ငံ အထူးရဲ တပ်ဖွဲ့ က ဖမ်းဆီး လိုက်ကြောင်း သိရှိရသည်။
ဆိုးလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဆမ်ဆောင်း အီလက်ထရောနစ် (Samsung Electronics) ၏ ဒုတိယဥက္ကဋ္ဌ လီဂျေယောင်အား တောင်ကိုရီးယားနိုင်ငံ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်၌ ဒုတိယအကြိမ်မြောက် အမှုကြားနာစစ်ဆေးအပြီးတွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။