Connect with us

Asia

တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်သော ရေအားလျှပ်စစ်စက်ရုံက ပါကစ္စတန်နိုင်ငံကို ပိုမိုတိုးတက်စေမည်

တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်တွင် တည်ဆောက်ထားသော Three Gorges ဆည်စီမံကိန်းအား ဝေဟင်ရှုခင်းမှ တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်မှာ နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် မာယန် ဆယ်လ်လင်းမ် (Maryam Sallem) က လွန်ခဲ့သော သုံးနှစ်အကြာက မြို့ပြဘဝကိုစွန့်လွှတ်ကာ ဝေးလံခေါင်ဖျားလှသော တောင်ပေါ်ဒေသတွင် အခြေချရန် ဆုံးဖြတ်ခဲ့သည်။ ၎င်း၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း နောက်ပိုင်းတွင် သိရှိလာရပေသည်။

ဆယ်လ်လင်းမ်သည် မြို့တော်အရှေ့ဘက် ၇၀ ကီလိုမီတာခန့်အကွာရှိ ကာရော့ (Karot) ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်လျက်ရှိသည်။ ကြီးမားသည့် စက်ယန္တရားကြီးအသံများနှင့် ရွှံ့စီးကြောင်းများဖြင့် တည်ရှိခဲ့သည့် ထို စက်ရုံမှာ အစ္စလာမ်မာဘတ်တွင် ငြိမ်းချမ်း၍ တိတ်ဆိတ်စွာ နေထိုင်ခဲ့ရသည့် ဘဝနှင့် နှိုင်းယှဉ်ပါက တော်တော်လေး ဆူညံလှသည်။

သို့သော်လည်း “ကျွန်မရဲ့ ဆုံးဖြတ်ချက်က မမှားခဲ့ပါဘူး” ဟု ဆယ်လ်လင်းမ်က ဆိုသည်။ ဆယ်လ်လင်းမ်သည် လက်ရှိတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (China-Pakistan Economic Corridor= CPEC) ၏ အဓိက ရှေ့ပြေးစီမံချက် တစ်ခုဖြစ်သော ရေအားလျှပ်စစ်စက်ရုံတွင် ကျန်းမာရေး၊ ဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် (HSE) အင်ဂျင်နီယာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ အဆိုပါ စက်ရုံမှာ ၂၀၂၁ ခုနှစ်တွင် ပြီးဆုံးကာ ပါကစ္စတန်နိုင်ငံအတွက် ဈေးသက်သာ၍ သန့်စင်သော လျှပ်စစ် ၃.၂ ဘီလီယံ ယူနစ်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသည်။

“ဒီစီမံကိန်းကြောင့် ကျွန်မရဲ့ဘဝက လုံးဝပြောင်းလဲသွားခဲ့ပြီး ပိုပြီးကောင်းမွန်လာခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

HSE အင်ဂျင်နီယာတစ်ဦးအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို စတေးရခြင်းမရှိဘဲ တင်းကျပ်သည့် စီမံကိန်း သတ်မှတ်ချက်များအား ပို၍ နှစ်သက်သည်ဟု ဆယ်လ်လင်းမ်က သူ့အမြင်ကိုပြောခဲ့သည်။ အဆိုပါ စီမံကိန်းကြီးတစ်ခုလုံး၌ တရုတ်နိုင်ငံ၏ နည်းပညာနှင့် စံချိန်စံနှုန်းများပါရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိလှသည့် စီမံကိန်းတစ်ခု ဖြစ်သည်ဟု ၎င်းက ပြောလိုက်သည်။

၎င်းက ဆက်၍ “စီမံကိန်းရဲ့အချို့အစိတ်အပိုင်းတွေမှာ တရုတ်နိုင်ငံရဲ့ စံချိန်စံနှုန်းတွေက ပိုပြီးစည်းကမ်းကြီးတယ်” ဟု တစ်ချိန်က ဝါရှင်တန် အခြေစိုက် သဘာဝပတ်ဝန်းကျင် နိုင်ငံတကာ ငွေကြေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘာဝပတ်ဝန်းကျင် အကြံပေးလုပ်ဆောင်ခဲ့ဖူးသူ ဆယ်လ်လင်းမ်က ပြောသည်။

သို့သော်လည်း ဒေသခံအာဏာပိုင်များအား ပထမပိုင်းတွင် တရုတ်နိုင်ငံ၏ စံချိန်စံညွှန်းများအား လက်ခံရန် ဆွဲဆောင်ရခြင်းမှာ ခက်ခဲသည့် အလုပ်တစ်ခုပင်ဖြစ်ကြောင်း ကာရော့ စွမ်းအင် ကုမ္ပဏီ အထွေထွေမန်နေဂျာ ယန်ရှင်းသယ် (Yan Xinde) က ဆိုသည်။

ယန်၏အဖွဲ့သည် ပါကစ္စတန်နိုင်ငံ တာဝန်ရှိသူများနှင့် နည်းပညာရှင်များအား ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီးဖြစ်သော တရုတ်နိုင်ငံ ယန်ဇီမြစ်ပေါ်ရှိ Three Gorges ဆည်စီမံကိန်းအား လာရောက်လေ့လာရန် ဖိတ်ကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ တာဝန်ရှိသူများကိုယ်တိုင် ကြည့်ရှုလေ့လာခဲ့ကြပြီးနောက် ယုံကြည်လက်ခံသွားခဲ့ကြသည်ဟု ဆိုသည်။ “ဒါကြောင့် ကာရော့စီမံကိန်းက ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံရဲ့ စံချိန်စံနှုန်းကို အပြည့်အဝလက်ခံကျင့်သုံးတဲ့ ပထမဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်လာခဲ့ပါတယ်” ဟု ယန်က ဆက်၍ပြောသည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စက်ရုံအနေဖြင့် မြစ်ကိုပိတ်ခြင်းလုပ်ငန်း ပြီးစီးကာ ဘက်စုံကျယ်ပြန့်သော တည်ဆောက်ရေးလုပ်ငန်း စတင်ခဲ့သည်။ ယင်းစက်ရုံက နှစ်စဉ် ဒေသခံအိမ်ထောင်စု ၂ သန်းခန့်အတွက် လိုအပ်သည့် လျှပ်စစ်ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အခွန် အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်ရရှိစေနိုင်မည် ဖြစ်သည်။

“ကာရော့စီမံကိန်း ပြီးစီးဖို့ လုပ်ဆောင်ရာမှာ ဒေသခံ ပါကစ္စတန်နိုင်ငံသား ၃,၀၀၀ ခန့်နဲ့ တရုတ်နိုင်ငံသား အလုပ်သမား ၁,၀၀၀ ခန့်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့တယ်”ဟု ယန်က ပြောသည်။

ထိုစီမံကိန်းနှင့်ပတ်သက်၍ နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ စီမံကိန်းပါ မြေများမှာ ပုဂ္ဂလိကပိုင်များဖြစ်သဖြင့် ဆယ်စုနှစ်များအကြာ ယင်းဒေသတွင်နေထိုင်သည့် ဒေသခံများအား ပြန်လည်နေရာချထားပေးရေးပင်ဖြစ်သည်။

“ကျွန်တော်တို့က သူတို့ကို ကူညီဖို့ ဒီကိုရောက်နေကြတယ်ဆိုတာကို သိကြတဲ့အတွက် ဒေသခံအများစုက ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။ ကျွန်တော်တို့တွေ သူတို့တစ်ဦးစီတိုင်းဆီကိုသွားပြီးတော့ သူတို့ရဲ့လိုအပ်ချက်အဖြေရှာဖို့၊ ဒေသခံ ဥပဒေတွေကို လိုက်နာပြီး ဖြေရှင်းချက်တွေကို စဉ်းစားဖို့ အားထုတ်မှုတွေအများကြီး လုပ်ခဲ့ရတယ်” ဟု ယန်က ပြောသည်။

အဆိုပါ ပြန်လည်နေရာချထားရေးအဖွဲ့သို့ ဆယ်လ်လင်းမ် ဝင်ရောက်ခဲ့သည်။ အဖွဲ့ဝင်များက မြေယာ၊ အဆောက်အအုံများ၊ စက်ရုံများ၊ တိရစ္ဆာန်များနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် ကဏ္ဍတိုင်းကို ဝင်ရောက်ခဲ့ရသည်ဟု ဆိုသည်။

ပြန်လည်နေရာချထားခြင်းကဏ္ဍ၌မူ တစ်ခါတရံ နစ်နာမှုရှိနိုင်ပေသည်။ သို့သော်လည်း ထိုနစ်နာမှုကို ပြန်လည် ကုစားဖြည့်ဆည်းပေးမှုရှိခဲ့ပေသည်။ စီမံကိန်းက တောက်ပသည့် အနာဂတ်နှင့် ခိုင်မာသည့် ဇာတိမြေ အလားအလာများအား စီမံကိန်းအပေါ် သံသယကြီးမားစွာ ရှိသည့် အထူးသဖြင့် သက်ကြီးရွယ်အိုများအား ကမ်းလှမ်းရန် စည်းရုံးလှုံ့ဆော်ပွဲတစ်ခု ဒေသခံအချို့က ပြုလုပ်ခဲ့သည်။

ထိုစည်းရုံးလှုံ့ဆော်ပွဲတွင် ကာရော့နယ်မြေရှိ ဟိုကျေးရွာရှိ အသက် ၃၁ နှစ်အရွယ် နာစီယာ ဟူစိန် (Naseer Hussain) လည်း ပါဝင်ခဲ့သည်။

“ဒီစီမံကိန်းက ကျွန်တော်တို့နိုင်ငံအတွက် အရေးပါတယ်ဆိုတာ ကောင်းကောင်းသိတာပေါ့” ဟု ဟူစိန်က ဆိုသည်။

ဟူစိန်သည် ယခင်က ဝင်ငွေပုံမှန်မရှိခဲ့ပေ။ ယခုတွင်မူ ကာရော့စီမံကိန်းအတွက် ယာဉ်မောင်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေပြီး လစာ၊ ဆုကြေးများနှင့် အချိန်ပိုကြေး ရရှိနေပြီဖြစ်သလို ချစ်ခင်ရင်းနှီးမှုရှိသော လုပ်ငန်းခွင်တစ်ခုကို ပိုင်ဆိုင်နေပြီဖြစ်သည်။

ထို့ပြင် ကာရော့ စွမ်းအင် ကုမ္ပဏီက ယင်းဒေသတွင် စာသင်ကျောင်းတစ်ကျောင်းနှင့် ဆေးရုံတစ်ရုံ တည်ဆောက်ခဲ့ပြီး ဒေသခံအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့သည်။ “နေရပ်ရွှေ့ပြောင်းခဲ့ရတဲ့ မိသားစုတွေရဲ့ ကောလိပ်ကျောင်းသားတွေအားလုံး အဆင့်မြင့်ပညာရေးအတွက် ပညာသင်ဆုတစ်ခု ထားရှိပေးထားပါတယ်” ဟု ယန်က ပြောခဲ့သည်။

ယန်သည် ၁၉၈၈ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံသို့ ပထမဆုံး ရောက်ရှိလာခဲ့ပြီး နှစ်ပေါင်း ၁၅ နှစ်ကြာ နေထိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် တိုးတက်လာသည့် လူမှုအသိုက်အဝန်းတစ်ခု၏ မျက်မြင်သက်သေပင် ဖြစ်သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (CPEC) ကြေညာကတည်းက ပါကစ္စတန်နိုင်ငံအနေဖြင့် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံကဲ့သို့သော နယ်ပယ်များ၌ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများစွာ ရရှိခဲ့သည်။

“ဒါက စက်မှုလုပ်ငန်းအတွက်တွေအတွက် အကျိုးကျေးဇူးရှိစေမှာပါ။ စက်မှုလုပ်ငန်းတွေ တိုးတက်လာတဲ့အခါ ပြည်သူတွေလည်း အလိုအလျောက် တိုးတက်လာခဲ့ပြီး နိုင်ငံရဲ့ စီးပွားရေးလည်း တိုးတက်စေမှာပဲပေါ့” ဟု ကာရော့ ရေအားလျှပ်စစ်စက်ရုံ၏ HSE အင်ဂျင်နီယာ ဆယ်လ်လင်းမ်က ပြောခဲ့ပေသည်။ (Xinhua)