Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများကြောင့် သေဆုံး၊ထိခိုက်ဒဏ်ရာရသူများ အတွက် တစ်နိုင်ငံလုံးမှ ဝမ်းနည်းကြောင်းခေတ္တငြိမ်သက်စွာနေ

သီရိလင်္ကာနိုင်ငံတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးနောက်ဆုတောင်းမှုများပြုလုပ်နေကြစဉ် (ဆင်ဟွာ)

ကိုလံဘို၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင်ဧပြီလ ၂၁ ရက်တွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သည့်ဗုံးပေါက်ကွဲမှုများကြောင့် အများအပြားသေဆုံးခဲ့ရသူများကို အမှတ်ရသည့် အနေဖြင့် ဧပြီလ ၂၃ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ မိနစ်ငြိမ်သက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးတွင် တာဝန်ထမ်းဆောင်နေကြသောခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ လုံခြုံရေးဝန်ထမ်းများ နှင့် နိုင်ငံသားအားလုံးတို့သည် ဒေသစံတော်ချိန် နံနက် ၈း၃၀နာရီ မှ နံနက် ၈း၃၃နာရီ အထိ ဝမ်းနည်းကြောင်း ငြိမ်သက်ခဲ့ကြသည်။

အစဉ်လိုက်ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည်သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုမြို့ နှင့်အနီးတစ်ဝိုက် ရှိ ဟိုတယ်များ နှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် ဖြစ်ပွားခဲ့ပြီး အီစတာပွဲတော်နေ့တွက် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုများကြောင့် လူ၃၁၀ သေဆုံးခဲ့ပြီး၊ လူ၅၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် Ranil Wickremesinghe က ၎င်း၏ တရားဝင်တွစ်တာအကောင့်တွင် အပြစ်မဲ့ အသက်များ ဆုံးရှုံးခဲ့ရမှုအတွက်ဝမ်းနည်းကြောင်း၊ နိုင်ငံသားများအားလုံးဘေးကင်းလုံခြုံရေး အတွက် စစ်တပ် နှင့် ရဲတပ်ဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် မဆုတ်မနစ်ကြိုးပမ်းခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ရေးသားခဲ့သည်။

အစိုးရအနေဖြင့် ပြည်သူများထံသို့ ဧပြီလ ၂၃ ရက် ကို ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်ရန်တောင်းဆိုခဲ့၍ ၎င်းတို့၏ အိမ်များ နှင့် အဖွဲ့အစည်းအဆောက်အအုံများ ၏ အပြင်ဘက်တွင် အဖြူရောင်အလံများလွှင့်ထူရန် မေတ္တာရပ်ခံခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117