နယူးဒေလီ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း Rajasthan ပြည်နယ် တွင် ဒီဇင်ဘာ ၂၃ ရက် က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြစ်ထဲသို့ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးပြီး အခြားလူ ၂၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
မနီလာ၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်တောင်ပိုင်း တစ်လျှောက်တွင် ဒီဇင်ဘာ ၂၂ရက်က တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ကာ အနည်းဆုံး လူ ၃၀ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ဒါကာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက် သည် နိုဝင်ဘာလအကုန်တွင် ၁၄၃သန်း ကျော်အထိရောက်ရှိလာခဲ့ပြီး ၂၀၁၇ခုနှစ် ပထမ ၁၁လ အတွင်း မိုဘိုင်းဖုန်းအသုံးပြုသူ ၁၆သန်း ကျော် တိုးတက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတယ်လီကွန်းစည်းကမ်းထိန်းသိမ်းရေး က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည့်...
ဆိုးလ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဒီဇင်ဘာ ၂၁ ရက် က အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေသည် ၂၉ဦးအထိမြင့်တက်လာခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ကိုလံဘို၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘို၏ လမ်းမများ သို့မဟုတ် အများပြည်သူ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်လျှောက်တွင် တောင်းရမ်းစားခွင့်အား ဇန်နဝါရီလ ၁ ရက်မှစတင်ကာ တားမြစ်လိုက်ကြောင်း သီရိလင်္ကာ အစိုးရက ဒီဇင်ဘာလ ၂၀ ရက်တွင် ပြောကြားလိုက်ကြောင်း ဒေသတွင်း မီဒီယာက...
မနီလာ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ်ပြင်ပတွင် ဒီဇင်ဘာလ ၂၁ ရက်က လူ ၂၅၁ ဦးလိုက်ပါလာသော သင်္ဘော တစ်စီး နစ်မြုပ်သွားခဲ့ကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ တီဟီရန်ပြည်နယ် Malard မြို့တွင် ဒီဇင်ဘာလ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၁း၂၇ နာရီက အင်အား ၅.၂ ပြင်းအားရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း အီရန် မြေငလျင်စင်တာ (ISC) က ပြောကြားခဲ့သည်။
ဆိုးလ်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အစိုးရ က လျှို့ဝှက်ကင်မရာဆိုင်ရာ မှုခင်းများကို ကာကွယ်နိုင်ရန် အများပြည်သူဆိုင်ရာ ရေချိုးအိမ်များ၊ အဝတ်လဲခန်းများ နှင့် ရေအိမ်များအတွင်း ဓါတ်ပုံ၊ဗွီဒီယို ရိုက်ကူးခြင်းအားလုံးကို တားမြစ်ရန် စီစဉ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဈေးဆိုင်တစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်) မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး အခြားသူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
မနီလာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ဒီဇင်ဘာလ ၁၆ ရက်က အပူပိုင်းမုန်တိုင်း အဆတ်မပြတ် တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၆ ဦး သေဆုံးခဲ့ပြီး အခြားသူ ၄၆ ဦး ပျောက်ဆုံးနေကြောင်း အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၈ ရက်တွင်...