Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား ၅.၆ ပမာဏရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်းတိုင်းတာမှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မနီလာ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဆရန်ဂါနီပြည်နယ်တွင် မတ်လ ၁၆ ရက်က ပြင်းအား ၅.၆ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ပညာဌာန(Phivolcs) က ပြောကြားလိုက်သည်။

အဆိုပါ ငလျင်မှ ဒေသစံတော်ချိန် နံနက် ရး၀၇ နာရီက ဆရန်ဂါနီပြည်နယ် အလယ်ဘယ်မြို့ အရှေ့မြောက်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၉၆ ကီလိုမီတာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း Phivolcs က ပြောခဲ့သည်။ယင်း ငလျင်လှုပ်ခတ်မှုဒဏ်အား ကိုရိုနာဒယ်မြို့၊ ဂျနရယ်ဆန်တို့စ်မြို့၊ South Cotabato ပြည်နယ်၊ တာကူရန်မြို့၊ စူလ်တန် ကူဒါရတ်ပြည်နယ်၊ ကစ်ဒါပါဝန်မြို့နှင့် ကာဂါယန်ဒီအော်ရိုမြို့ အနီးဝန်းကျင်၌ ခံစားခဲ့ရကြောင်း သိရသည်။ငလျင်ကြောင့် ပျက်စီးမှုများ ရှိမည်မဟုတ်ကြောင်း၊ သို့သော်လည်း နောက်ဆက်တွဲငလျင်များ ဖြစ်ပွားနိုင်ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် မြေငလျင်ပညာဌာနအဆိုအရ သိရသည်။ (Xinhua)