ရှီဇူအိုကာ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သော ၁၉၃၇ ခုနှစ် နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု (Nanjing Massacre) အောက်မေ့ဖွယ် အခမ်းအနားသို့ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်နိုင်ခြေရှိသည့် ပဲ့ထိန်းဒုံးကျည်များကို ခြေရာခံထောက်လှမ်းနိုင်ရန် ကိုရီးယားကျွန်းဆွယ် နှင့် ဂျပန်နိုင်ငံ အနီးရှိ ရေပြင်တွင် နှစ်ရက်ကြာ ပင်လယ်ရေကြောင်း စစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏...
နယူးဒေလီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနို်င်ငံ နယူးဒေလီမြို့တွင် လုပ်ကိုင်နေသော ပညာရေးအလိမ်အညာအဖွဲ့ တစ်ဖွဲ့အား ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၈ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ သံသယရှိသူ ၆ ဦး အဖမ်းခံခဲ့ရကြောင်း သိရသည်။
ဂျာလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ ဗလီကျောင်းတစ်ခုတွင် ယနေ့ (ဒီဇင်ဘာလ ၈ ရက်) ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သား တစ်ဦး သေဆုံးပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်းTamil Naduပြည်နယ် တွင် ယာဉ်မတော်တဆမှုကြောင့် အနည်းဆုံး လူ၉ဦးသေဆုံးပြီး အခြားလူ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုငငံ တောင်ပိုင်း တမီလ်နာဒူပြည်နယ်နှင့် ကီရာလာပြည်နယ်များတွင် Ockhi ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၃၉ ဦး သေဆုံးပြီး ငါးဖမ်းသမား ၁၆၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာလ ၅ ရက်က ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အသက် ၇၉ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံ၏ ဂန္တဝင်မင်းသားကြီး နှင့် ဝါရင့် နာမည်ကျော် ဘောလီးဝုဒ် သရုပ်ဆောင် ရှာရှီကာပူး(Shashi Kapoor) သည် ဒီဇင်ဘာ ၄ ရက်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းမိသားစုဝင်များက ပြောကြားခဲ့သည်။
ဆိုးလ် ၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယား နှင့် အမေရိကန် နိုင်ငံတို့သည် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် ကိုရီးယားကျွန်းဆွယ်၌ စတင်ပြုလုပ်ခဲ့ကြောင်း ၊ ယင်းစစ်ရေးလေ့ကျင့်မှုအစီအစဉ်တွင် ဂျက်တိုက်လေယာဉ် ၂၃ဝ စင်း ၊ ဗုံးကျဲလေယာဉ်များ နှင့် အခြား တိုက်ခိုက်ရေးလေယာဉ်များ...
ဆိုးလ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အင်ချွန်းကမ်းရိုးတန်းအလွန်၌ ယနေ့တွင် တောင်ကိုရီးယားငါးဖမ်းလှေတစ်စီး နှင့် ဆီတင်သင်္ဘောတစ်စီးတိုက်မိပြီး တိမ်းမှောက်ခဲ့ရာ လူ ၁၃ဦးသေဆုံးကြောင်း တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ဂျကာတာ ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ဂျာဗားပြည်နယ်၌ ရေကြီးရေလျှံမှု နှင့် မြေပြိုမှု ဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂ဝ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။