Connect with us

Asia

နီပေါ နိုင်ငံသို့ဇန်နဝါရီလ အတွင်း ကမ္ဘာလှည့် ခရီးသွား ဝင်ရောက်မှုတွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်

ယူနက်စကိုအဖွဲ့က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်အသိအမှတ်ပြုထားသော ခတ္တမန္ဒူမြို့တော်ရှိ ဟာနူမန်ဒိုကာ ဒါဘာ(Hanumandhoka Durbar Square) ရင်ပြင်တွင် ကမ္ဘာလှည့်ခရီးသွားများကိုတွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ)

နီပေါနိုင်ငံ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း၏ အကြီးဆုံး အရင်းအမြစ်မှာ တရုတ် နိုင်ငံ အဖြစ် ပေါ်ထွက် လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ အတွင်း တရုတ်နိုင်ငံသား ခရီးသွား ၁၅,၃၄၃ ဦး လည်ပတ် ခဲ့ကြောင်း နီပေါ ကမ္ဘာလှည့် ခရီးသွား ဘုတ်အဖွဲ့(NTB)က ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယ နိုင်ငံသည် နီပေါ နိုင်ငံ အတွက် အစဉ်အလာအားဖြင့် ခရီးသွား အရင်းအမြစ် ဈေးကွက်ကြီး တစ်ခု အဖြစ် ရပ်တည်နေပြီး ဇန်နဝါရီလ အတွင်း ခရီးသွားပေါင်း ၁၄,၆၅၀ ဦး အထိ ဝင်ရောက်ခဲ့ရာ ဒုတိယ နေရာတွင် ရပ်တည်ခဲ့ကြောင်း နီပေါ ကမ္ဘာလှည့် ခရီးသွား ဘုတ်အဖွဲ့မှ သိရသည်။

တရုတ်ခရီးသွား အရေအတွက်မှာ ဖေဖော်ဝါရီ ၅ ရက် တရုတ် ရိုးရာ နှစ်သစ်ကူး မတိုင်မီ ကာလမှ စတင်၍ မြင့်တက် လာခဲ့ကြောင်း Adventure Outdoor တောင်တက် ခရီးသွား အေဂျင်စီမှ မန်နေဂျင်း ဒါရိုက်တာ Kalyan Raj Sharma က ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယခင်က အနောက်နိုင်ငံများမှ ကမ္ဘာလှည့် ခရီးသွားများကို နီပေါ နိုင်ငံ၏ ခရီးသွား လုပ်ငန်း အတွက် အများဆုံး မှီခိုခဲ့ရစဉ်က ဆောင်းရာသီမှာ နီပေါ နိုင်ငံ၌ ခရီးသွား နည်းသည့် အချိန်ကာလ အဖြစ် ယူဆနိုင်ကြောင်း ၊ ယခု အခါတွင် ဆောင်းရာသီတွင် တရုတ် နိုင်ငံသား များ နှင့် အိန္ဒိယ နိုင်ငံသားများ လာရောက် လည်ပတ်ကြသဖြင့် ခရီးသွား နည်းသည့် အချိန် မရှိတော့ကြောင်း Sharma က ပြောကြားခဲ့သည်။

နီပေါ နိုင်ငံသို့ယခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာလှည့် ခရီးသည် စုစုပေါင်း ၉၁,၇၉၃ ဦး ဝင်ရောက်ခဲ့ပြီး ယခင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နှင့် နှိုင်းယှဉ်ပါက ၂၅.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ထိုအခြေအနေမှာ နီပေါ ခရီးသွားနှစ် ၂၀၂၀ ပြင်ဆင်မှု အတွက် အားပေးနေသော လက္ခဏာ ဖြစ်သည် နှင့် အတူ ယခုနှစ်တွင် ခရီးသည် ၂ သန်း ဝင်ရောက်ရန် ရည်မှန်းထားကြောင်း ၊ နီပေါနိုင်ငံတွင် ၂၀၁၈ ခုနှစ် အတွင်း ခရီးသည် ၁.၁ သန်း အထိ အမြင့်ဆုံး စံချိန်တင် ဝင်ရောက်ခဲ့ကြောင်း နီပေါ ကမ္ဘာလှည့် ခရီးသွား ဘုတ်အဖွဲ့မှ သိရသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်း နီပေါ နိုင်ငံသို့ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှု အရေအတွက် အများဆုံးမှာ တရုတ် နှင့် အိန္ဒိယ နိုင်ငံ တို့ပြီးနောက် ထိုင်းနိုင်ငံက တတိယ အများဆုံး ဝင်ရောက်ခဲ့ပြီး အမေရိကန် နိုင်ငံ နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ခရီးသည်များ ရောက်ရှိမှုတွင် ထိပ်ဆုံး ငါးနိုင်ငံ စာရင်းဝင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.