Connect with us

Asia

ဘရူနိုင်းနိုင်ငံ နှင့်ဆက်ဆံရေးတိုးမြှင့်ရန် လာအိုဝန်ကြီးချုပ် ဘရူနိုင်းနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်မည်

လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith အားတွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ဝန်ကြီးချုပ် သွန်လွန်စစ်ယူလစ် (Thongloun Sisoulith) ဦးဆောင်သည့်အစိုးရအဖွဲ့သည် ဘရူနိုင်းနိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ်ဖေဖော်ဝါရီ လ ၁၆ ရက် နှင့် ၁၇ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း Vientiane Times သတင်းတွင် ပါရှိသည်။

ဘုရင်မင်းမြတ် ဆူလ်တန်ဟာဂျီဟာဆန်နယ်လ်ဘိုကီယာ (Sultan Haji Hassanal Bolkiah) ၏ ဖိတ်ကြားချက် ကို လက်ခံသည့် အနေဖြင့် Thongloun နှင့် ကိုယ်စားလှယ်အဖွဲ့ သည် နှစ်ရက်ကြာအလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ အနာဂတ်တွင် လာအိုနိုင်ငံ နှင့် ဘရူနိုင်းနိုင်ငံ နှစ်နိုင်ငံကြား မိတ်ဆွေဆက်ဆံရေး နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ အလည်အပတ်ခရီးသွားရောက်ခြင်းဖြစ်ကြောင်း လာအိုနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ကြော်ငြာချက်အရ သိရသည်။

လာအိုနိုင်ငံ နှင့် ဘရူနိုင်းနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ၏ ဒုတိယအစည်းအဝေး ကို ပြီးခဲ့သည့် နှစ်တွင် လာအိုနိုင်ငံ Luang Prabang လွမ်ပရာဘွမ်မြို့ တွင် ကျင်းပခဲ့ပြီး နှစ်နိုင်ငံ အနာဂတ်အနာဂတ်အတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အပါအဝင် လေကြောင်းပို့ဆောင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ ယဉ်ကျေးမှုဖလှယ်ရေး၊ အမျိုးသမီးများ၏ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တို့ တွင်နှစ်ဖက်ပါဝင်သည့် ခိုင်မာသောဆက်ဆံရေး ကိုတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

လာအို နှင့် ဗီယက်နမ်နိုင်ငံ ကြား သံတမန်ဆက်ဆံရေးသည် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက် ကတည်းက စတင်ခဲ့ပြီး မိတ်ဆွေဆက်ဆံရေး နှင့် ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများ သည် ဆက်လက်၍ တိုးတက်လျက်ရှိပြီး ၎င်းဒေသများ၏ ပညာရေးကဏ္ဍ၊ အားကစားနှင့် ကုန်သွယ်ရေး ကဏ္ဍ များ တွင် လည်း တိုးတက်လျပ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.