Connect with us

Asia

တောင်ကိုရီးယားနိုင်ငံသို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီသွားရောက်လည်ပတ်မည်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် (Moon ae-In) ၏ ဖိတ်ကြားချက်ဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၂ ရက်အထိ တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်မည် ဖြစကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ခရီးစဉ်က ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း နှစ်နိုင်ငံ အကျိုးတူထိပ်သီးအစည်းအဝေးအတွက် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်၌ တွေ့မြင်ခဲ့ရသော အိန္ဒိယနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား အဆင့်မြင့်ဖလှယ်ခြင်းအရှိန်အဟုန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်ဟု တရားဝင်ကြေညာချက်တွင် ဖော်ပြထားသည်။

ကြေညာချက်အရ မကြာမီသွားရောက်မည့် မိုဒီ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးများတွင် လတ်တလော ဖွံ့ဖြိုးတိုးတက်မှုများအား သုံးသပ်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များအတွက် အရေးပါသည့် အခါသမယဖြစ်ကြောင်း၊ ဘုံအကျိုးကျေးဇူးရှိသော ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.