ဂျကာတာ ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Mount Agung မီးတောင်ပေါက်ကွဲနေမှုအား အမြင့်ဆုံး အဆင့်ဖြစ်သော အဆင့် ၄ အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သတင်းအရင်းအမြစ်များက နိုဝင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Agung မီးတောင်မှာ အားပြင်းပြင်းဖြင့် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပွားနေပြီး ပြာမှုန့်များအား လေးကီလိုမီတာအမြင့်အထိ မှုတ်ထုတ်နေသဖြင့် ယင်း ပိုင်နက်နယ်မြေအတွင်း လေကြောင်း ပျံသန်းခွင့်ကို အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၄ ဦး သေဆုံးပြီး အခြားသူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် အမျိုးသမီးများနှင့် ကလေးများ ပါဝင်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း မြို့တော် ပက်ရှ်ဝါတွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရော အဆင့်မြင့် ရဲအရာရှိ တစ်ဦးအပါအဝင် ရဲ နှစ်ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာက နိုဝင်ဘာလ ၂၄ ရက်တွင်...
ဘန်ကောက်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်းတွင် ယနေ့ (နိုဝင်ဘာလ ၂၄ ရက်) က အရှိန်လွန်မောင်းနှင်လာသည့် ဗင်ကား တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၃ ဦးနှင့် ယာဉ်မောင်း တစ်ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ခရီးသည်တင် ရထား ပြေးလမ်းချော်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး အခြားသူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တိုကျို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း အရှေ့တောင်ပိုင်း ပင်လယ်ပြင်တွင် အမေရိကန် C2 ကုန်တင်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦး ပျောက်ဆုံးနေကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံမှ ခေါင်းချင်းဆက် အမွှာမိန်းကလေး နှစ်ဦးအား ခွဲစိတ်ကုသတော့မည်ဖြစ်ပြီး ခွဲစိတ်မှု ပြုလုပ်နေစဉ် အတွင်း ၎င်းတို့ အနက် တစ်ဦး (သို့) နှစ်ဦးစလုံး အသက်ဆုံးရှုံးနိုင်သည့် အနေအထား တွင်ရှိကြောင်း သတင်းမီဒီယာများက နိုဝင်ဘာ ၂၂ ရက်တွင်ဖော်ပြခဲ့သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းစု၌ တည်ရှိသည့် Mount Agung မီးတောင်ကြီးသည် နိုဝင်ဘာလ ၂၁ ရက်တွင် ကောင်းကင်ပေါ်သို့ပြာမှုန့်များကို မှုတ်ထုတ်နေကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူများက ဆိုသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် နိုဝင်ဘာ ၁၇ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် အိမ်စီးမော်တော်ယာဉ်တစ်စီး တိုက်မိရာ အနည်းဆုံး လူ၇ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။