Connect with us

Asia

ဂျပန်မြောက်ပိုင်းတွင် နှင်းထူထပ်စွာကျဆင်းမှုကြောင့် လေယာဉ်ခရီးသည် ၂,၀၀၀ လေဆိပ်၌ သောင်တင်နေ

လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ၍ New Chitose လေဆိပ် ၌ ခရီးသည်များ စောင့်ဆိုင်းနေကြစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် ဇန်နဝါရီ ၆ရက်က ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရ၍ အဓိက လေဆိပ်တစ်ခု၌် ခရီးသည် ၂,၀၀၀ ခန့် တစ်ညလုံးသောင်တင်နေကြောင်း ပြည်တွင်း သတင်းတစ်ခုကဖော်ပြခဲ့သည်။

New Chitose လေဆိပ် ရှိ လေယာဉ်ပြေးလမ်း ၂ခု တွင် ဇန်နဝါရီ ၅ရက်ညပိုင်းက ဆီးနှင်းများ ထူထပ်စွာဖုံးလွှမ်းနေမှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်က လေကြောင်းခရီးစဉ် ၁၀၅ခု ကို ဖျက်သိမ်းလိုက်ရ၍ လေဆိပ်ရှိ Check-in ကောင်တာများတွင် ခရီးသည်များသည် အိမ်ပြန်နိုင်ရန်အတွက် လေယာဉ်လက်မှတ်အသစ်များအား ကြိုတင်ဝယ်ယူရန် တိုးဝှေ့နေကြကြောင်း သိရသည်။

လေဆိပ်ဝန်ထမ်းများသည် လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရလိုက်ရသည့် ခရီးသည်များအတွက် အိပ်ယာခင်းများကို လိုက်လံဝေပေးနေကြောင်း သိရသည်။

ဇန်နဝါရီ ၇ရက်အတွက် လေယာဉ်လက်မှတ်ခရီးစဉ်အားလုံး ပြည့်သွားပြီဖြစ်သဖြင့် လေဆိပ်တွင် သောင်တင်နေသည့် ခရီးသည်များအနေဖြင့် ဇန်နဝါရီ ၈ရက်အထိ လက်မှတ်အသစ်များ ထပ်မံဝယ်ယူ၍ ရရှိနိုင်မည်မဟုတ်ကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

ဟော့ကိုင်းဒိုးစီရင်စု သည်ပြည်တွင်း၊ ပြည်ပခရီးသည်များအတွက် ထင်ရှားသော ဆောင်းရာသီခရီးသွားနေရာတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.