Connect with us

Asia

ကမ္ဘောဒီးယား နိုင်ငံရှိ လောင်းကစားရုံ မီးလောင်မှု၌ ၆ ဦးဒဏ်ရာရရှိ

ကမ္ဘောဒီးယားနိုင်ငံရှိ လောင်းကစားရုံ မီးလောင်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဖနွမ်းပင်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက် ၊နယ်စပ်မြို့၏ ၁၈ ထပ်ရှိသည့် လောင်းကစားရုံ(casino )တစ်ခုတွင် ဇန်နဝါရီလ ၇ ရက်ညဘက်၌ ဓာတ်လှေကားမှ စတင်သည့် မီးလောင်ကျွမ်းမှု ၌ လူ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ လ ၈ ရက် နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ထိုင်းနိုင်ငံနယ်စပ်၊ Banteay Meanchey ပြည်နယ်၊ Poipet မြို့ရှိ Golden လောင်းကစားရုံတွင် ဒေသစံတော်ချိန် ည ၉း၃၀ နာရီ တွင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ Banteay Meancheyခရိုင် ရဲတပ်ဖွဲ့ ၏ အကြီးအကဲ ဗိုလ်ချုပ်၊အက်ခမ်း (Ath Khem) က ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် လောင်းကစားရုံ ၏ ဓာတ်လှေကားမှ အနီးနားဝန်းကျင်ကို ကူးစက်ခဲ့ပြီး၊ လေးထပ်မှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၁၃ ထပ်သို့လျင်မြန်စွာ မီးကူးစက်ခဲ့ကြောင်း၊ မီးသတ်သမားများအနေ ဖြင့် အချိန် ၁နာရီ အတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်း ကဖြည့်စွက်ပြောကြားသည်။

“လူတစ်ယောက်မှ သေဆုံးသူမရှိပါဘူး။အမျိုးသား ၆ ဦးကတော့ ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့အချိန်မှာ မီးခိုးတွေကြောင့် အသက်ရှုမဝတာမျိုးခံစားခဲ့ရတယ်’’ ဟု ၎င်းတာဝန်ရှိသူက ဆင်ဟွာကိုပြောသည်။ထိခိုက်ဒဏ်ရာ ရသူများအနေဖြင့် ခန္ဒာကိုယ်တွင် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း၊ သို့သော် မီးခိုးငွေ့များ ကြောင့် အသက်ရှုမဝသည့်အတွက် မီးသတ်တပ်ဖွဲ့မှ အနီးရှိ ဆေးရုံသို့ ကုသမှုခံယူရန် ပို့ခဲ့ပြီး၊ မကြာမီ ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။အဆိုပါလောင်းကစားရုံအတွင်းမှ လူများကို လောင်းကစားရုံ၏ အရေးပေါ်ထွက်ပေါက်မှ အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ပိုင်းချို့ယွင်းမှုကြောင့် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ (Xinhua)