Connect with us

Asia

တရုတ်နိုင်ငံသို့မြောက်ကိုရီးယားခေါင်းဆောင်၏ အလည်အပတ်ခရီးစဉ်အပေါ် တောင်ကိုရီးယားနိုင်ငံက ကြိုဆို

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က တရုတ်နိုင်ငံသို့မြောက်ကိုရီးယားနိုင်ငံထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအမ် သွားရောက် လည်ပတ်သည့် ခရီးစဉ်အပေါ် ကြိုဆိုကြောင်း ဇန်နဝါရီ ၈ ရက်တွင်ပြောကြားခဲ့ပြီး ယင်းမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် တစ်စုံတစ်ရာပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဟု မျှော်လင့်ကြောင်းဆိုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်ပြောရေးဆိုခွင့်ရှိသူ ကင်အီကွမ်း(Kim Eui-Keum) က သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံသို့မြောက်ကိုရီးယားခေါင်းဆောင်ကင် သွားရောက်သည့်ခရီးစဉ်မှာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် တစ်စုံတစ်ရာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်စေမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ထို့ပြင် ပြောရေးဆိုခွင့်ရှိသူက ကိုရီးယားနှစ်နိုင်ငံအကြား ၊ တရုတ်နိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံအကြား ၊ မြောက်ကိုရီးယား နှင့် အမေရိကန်နိုင်ငံတို့အကြား အမြင်ခြင်းဖလှယ်မှုများဆောင်ရွက်ကြဆဲဖြစ်ကြောင်း ၊ ယင်းဖလှယ်မှုတစ်ခုချင်းစီသည် အခြားတစ်ဖက်အား တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုရှိစေကာ ၎င်းတို့အကြား တစ်ပတ်လည်ဆွေးနွေးမှုကို ဖန်တီးပေးခြင်းဟု မျှော်လင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံအကြား အမြင်ချင်းဖလှယ်မှုသည် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးအစည်းအဝေးအတွက် လှေကားထစ်တစ်ခုဖြစ်လာလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့သည် ပထမဆုံး မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးအစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့ပြီး ကင် နှင့် ထရမ့်တို့သည် အနာဂတ်တွင် နောက်ထပ်တစ်ကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးရန် ၎င်းတို့၏ ဆန္ဒများကို အသီးသီးထုတ်ဖော်ခဲ့ကြသည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပေကျင်းမြို့၌ ပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်သည် ဇန်နဝါရီ ၇ ရက်မှ ၁ဝ ရက်အထိ တရုတ်နိုင်ငံသို့လာရောက်လည်ပတ်လျက်ရှိကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.