Connect with us

Asia

တတိယနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်မရမီ ဆော်ဒီအမျိုးသမီးငယ်ကို ထိုင်းနိုင်ငံက ယာယီနေထိုင်ခွင့်ပြု

ဆော်ဒီအမျိုးသမီးငယ်ကို ထိုင်းရဲတပ်ဖွဲ့ ဝင်များနှင့်အတူတွေ့ ရစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

အသက် ၁၈ နှစ်အရွယ် ဆော်ဒီအာရေးဗီးယားအမျိုးသမီးငယ်တစ်ဦးကို တတိယနိုင်ငံတစ်ခုသို့မထွက်ခွာမီအချိန်ထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းရဲချုပ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၈ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုကော်မရှင်နာမင်းကြီး ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရတ်ချိတ်ဟော့ပန်း(Surachate Hakparn) က ရာဟာ့ဖ်မိုဟာမက်အာလ်ကွင်နီ (Rahaf Mohammed al-Qunun) အနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အကူအညီဖြင့် တတိယနိုင်ငံတစ်ခုတွင် ခိုလှုံခွင့် မရမီအချိန်ထိ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာလ်ကွင်နီသည် ထိုင်းနိုင်ငံ၌ နောက်ထပ် ၅ ရက် ဆက်လက်နေထိုင်ခွင့်ရမည်ဖြစ်ကြောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ဆူရတ်ချိတ်က ဆိုသည်။အာယ်ကွင်နီအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်မှု (သို့မဟုတ်) တရားမဝင် နေထိုင်မှုများဖြင့် တရားစွဲဆိုခံရဖွယ်ရှိကြောင်း စွပ်စွဲချက်အပေါ် လူဝင်မှုကြီးကြပ်ရေးဗျူရိုက ငြင်းဆိုထားသည်။

ဆော်ဒီအမျိုးသမီးအနေဖြင့် ထိုင်းနိုင်ငံအတွင်း ရှိနေချိန်တွင် ၎င်း၏ လုံခြုံရေးအတွက် ထိုင်းအာဏာပိုင်များက အပြည့်အဝ အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း ဆူရတ်ချိတ်က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ ဆော်ဒီအမျိုးသမီးငယ်သည် အတင်းအကျပ်လက်ထပ်ခံရမည့် ဘေးအန္တရာယ်ကို ကြောက်ရွံ့၍ နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.