စရီနာဂါ၊ ကက်ရှ်မီးယား၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အင်အားအနည်းငယ်ရှိသော ငလျင် တစ်ခု ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် လမ်း မတော်တဆမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒတ်၏ တော်ဝင် မီးသဂြိုလ်ခြင်း အခမ်းအနား ပြင်ဆင်ရေး အတွက် လာမည့်လ တစ်လလုံး Grand Palace အတွင်း ကြည့်ရှုခွင့်ကို ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
ကွာလာလမ်ပူ၊ စက်တင်ဘာလ ၂၂ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်အကြာက ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း မီးလောင်မှုသည် တမင်သက်သက် ကြံစည်မှုကြောင့် ဖြစ်ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။
ပြုံးယမ် ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကုလသမဂ္ဂ ညီလာခံ တွင် စက်တင်ဘာ ၂၁ ရက်နေ့၌ ပြောကြား ခဲ့သည့် “မြောက်ကိုရီးယား နိုင်ငံ အား အလုံစုံ ဖျက်ဆီးပစ်မည်” ဟူသော ပြောဆိုချက်...
ဒါကာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ပိုင်း ခရိုင်တစ်ခုရှိ အထပ်ပေါင်းများစွာပါရှိသည့် အထည်ချုပ်စက်ရုံတစ်ခု တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ရာ လူ ၆ဦးသေဆုံးပြီး အခြားလူ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး ရှေ့တန်းစစ်မျက်နှာပြင် ဆေးရုံအား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တာဝန် ပူးတွဲကာ တောင်ဆူဒန်တွင် လာမည့်နှစ် အစောပိုင်း၌ တာဝန်ယူစေမည် ဖြစ်ကြောင်း ဗီယက်နမ် ငြိမ်းချမ်းရေးစင်တာက စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၇ခုနှစ်၏ ပထမ၈လအတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဦးရေသည် ၂၃.၅သန်း ရှိမည်ဟု ခန့်မှန်းရကြောင်း အကြီးတန်းထိုင်းနိုင်ငံအစိုးရ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက် တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က မြို့တော်နယူးဒေလီတွင် အယ်ကိုင်ဒါစစ်သွေးကြွအဖြစ် သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြားခဲ့သည်။
စင်ကာပူ ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ) စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း ၏ မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်မည့်ခရီးစဉ်သည် တရုတ်စင်ကာပူ နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး တိုးတက်အောင် တွန်းအားပေးလိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံတမန်က စက်တင်ဘာလ ၁၈ ရက်တွင်ပြောကြားခဲ့သည်။