Connect with us

Asia

ဂျပန်နိုင်ငံ အိုခီနာဝါစီရင်စုတွင် အင်အား ၆.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ဘက်စွန်း အိုခီနာဝါစီရင်စု ရှိ ယိုနာဂူနီချီးမားမြို့တွင် အင်အား ၆.၁ပမာဏရှိငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဌာန က အောက်တိုဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမိုးလေဝသဌာန (JMA) ၏ပြောကြားချက်အရ ငလျင်သည် ဒေသစံတော်ချိန် နေ့လည် ၁း၃၅နာရီ တွင် မြောက်လတ္တီကျု ၂၄ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၂၂.၆ဒီဂရီ ရှိ မြေပြင်အနက် ၃၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။JMA က ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ခဲ့သည်။ငလျင်လှုပ်ခတ်မှုကြောင့် ယိုနာဂူနီချီးမားမြို့ ရှိ လူနှင့် ယာဉ်များ ထိခိုက်ပျက်စီးမှုများမရှိကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။ (Xinhua)