တိုကျို၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ဘက်စွန်း အိုခီနာဝါစီရင်စု ရှိ ယိုနာဂူနီချီးမားမြို့တွင် အင်အား ၆.၁ပမာဏရှိငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဌာန က အောက်တိုဘာ ၂၃ ရက်တွင်ပြောကြားခဲ့သည်။
ဆိုးလ် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) တောင်ကိုရီးယား ၊ မြောက်ကိုရီးယား နှင့် ကုလသမဂ္ဂတပ်ဖွဲ့တို့သည် ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဒေသအတွင်းရှိ ပူးတွဲလုံခြုံရေးနယ်မြေ(JSA) မှ အစောင့်တပ် နှင့် လက်နက်ကိုင်တပ်ဖွဲ့များကို ရုပ်သိမ်းရန် အောက်တိုဘာ ၂၅ ရက် နောက်ဆုံးထား၍ အောက်တိုဘာ ၂၂ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း...
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း Punjab ပြည်နယ် တွင် အောက်တိုဘာ ၂၁ ရက်က ခရီးသည်တင်ဘတ်စ်ကား ၂စီး ခေါင်းချင်းဆိုင်တိုက်မိ၍ အနည်းဆုံး လူ ၁၉ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ နှင့် ပြည်တွင်းသတင်းဌာနကဖော်ပြခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ၂၀၁၁ ခုနှစ်က ရေလွှမ်းမိုးမှုဖြစ်ပွားစဉ် မွေးမြူရေးခြံတစ်ခုမှ လွတ်သွားသော မိကျောင်းများ၏ အကောင်ပေါက်များဖြစ်နိုင်သော မိကျောင်း နှစ်ကောင်အား တောလိုက်အဖွဲ့တစ်ဖွဲ့မှ ဖမ်းမိခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက် သတင်းများအရ သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း၌ အောက်တိုဘာလ ၂၁ ရက်တွင် ဗင်ကားတစ်စီးသည် သစ်ပင်ကို ဝင်တိုက်ကာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မြန်မာ အလုပ်သမား ၉ ဦး သေဆုံး၍ အခြားလူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ဟိန္ဒူပွဲတော်တစ်ခုအား ရထားလမ်းပေါ်မှ ကြည့်ရှုနေသည့် လူအုပ်အား ရထားဝင်တိုက်မှုဖြစ်ပွားပြီးနောက် လူ ၆၁ ဦးထက်မနည်းသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း အာမတ် ဇာဟစ် ဟမ်မစ်ဒီ (Ahmad Zahid Hamidi) သည် လာဘ်စားမှု၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်မှုနှင့် ငွေကြေးခဝါချမှုများအပါအဝင် အမှုပေါင်း ၄၀ ကျော်ဖြင့် အောက်တိုဘာလ ၁၉ ရက်က တရားစွဲခံထားရကြောင်း သိရသည်။
ဘန်ကောက်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် အလတ်စားရေငုပ်သင်္ဘောပုံစံရေးဆွဲမှု စီမံကိန်း အား အကူအညီပေးရန် ဗြိတိန်ကာကွယ်ရေးအကြံပေးအဖွဲ့ တစ်ဖွဲ့အား ငှားရမ်းခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် ငလျင်များနှင့် ဆူနာမီဖြစ်ပွားမှုကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် ယာယီအခြေချနေထိုင်ရန် တဲရှင်ပေါင်းများစွာ လိုအပ်နေကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
မနီလာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivolcs) က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Zamboanga del Norte ပြည်နယ် တွင် အောက်တိုဘာ ၁၆ ရက်က အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။