နယူးဒေလီ ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) G20 နှင့် BRICS ထိပ်သီးဆွေးနွေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး တရုတ်-အိန္ဒိယနှစ်နိုင်ငံ အပြန်အလှန်အားပေးထောက်ခံကြရန်သြဂုတ်လ ၁၃ ရက်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့တွေ့ဆုံစဉ် သဘောတူညီခဲ့ကြကြောင်းသိရသည်။
စင်ကာပူ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)အိုလံပစ် အားကစားပွဲစဉ်များ၌ စင်ကာပူ နိုင်ငံသား ဂျိုးဇက် စကူးလင်း (Joseph Schooling) က ယနေ့တွင် အမျိုးသား မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲ ဗိုလ်လုပွဲ၌ စင်ကာပူနိုင်ငံအတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ် ကို ဆွတ်ခူးသွားကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယ ရုပ်ရှင် စူပါစတား ရှရွတ်ခန်းသည် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အမေရိကန် အာဏာပိုင်များမှ ထိန်းသိမ်းခြင်းခံခဲ့ရကြောင်း သိရသည်။
ဟနွိုင် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အမျိုးသား ရေနံ နှင့် သဘာဝဓာတ်ငွေ့အုပ်စု(Petro Vietnam)သည် ၂ဝ၁၆ ခုနှစ် ပထမ ၇ လအတွင်း ဝင်ငွေ ဗီယက်နမ်ဒေါင် ၂၅၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံ) ရှိခဲ့ကြောင်း သိရသည်။
ဖနွမ်းပင် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒတ်ဟွန်ဆန်က ကိုးရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအတွက် မြောက်ကိုးရီးယားနိုင်ငံအနေဖြင့် ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်တက်ရန် သြဂုတ်လ ၁၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်ကြောင်း ကမ္ဘောဒီးယားနိုင်ငံအကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။
မနီလာ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Paranque မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် သြဂုတ် ၁၁ရက်ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ တရုတ်လူမျိုးအကျဉ်းသား နှစ်ဦးအပါအဝင် လူ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း DZBB ရေဒီယို က ထုတ်လွှင့်ခဲ့သည်။
ဘန်ကောက် ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ဟွာဟင်း နှင့် ဆူရက်ဌာနီ တို့၌ သြဂုတ်လ ၁၁ ရက် ညပိုင်း နှင့် ၁၂ ရက်နံနက်ပိုင်းများ တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အနည်းဆုံး လူ နှစ်ဦးသေဆုံးပြီး အမြောက်အမြားထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
မွမ်ဘိုင်း၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ရှိ နာမည်ကြီးဆေးရုံ တစ်ရုံ၏ အကြီးအကဲတစ်ဦးနှင့် အခြား ဆရာဝန် ၄ ယောက် အား ရဲတပ်ဖွဲ့က သြဂုတ် ၁၀ ရက်တွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု ဖြင့် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတွင် သြဂုတ်လ ၁၀ ရက်က အခြေခံ ဥပဒေ ဆန္ဒခံယူပွဲ ရလဒ်များ ထွက်ရှိလာပြီးနောက် အစိုးရ အနေဖြင့် လမ်းပြမြေပုံအတိုင်း အထွေထွေ ရွေးကောက်ပွဲအား ၂၀၁၇ ခုနှစ်တွင် ကျင်းပပေးမည် ဖြစ်ကြောင်း ထိုင်း ဝန်ကြီးချုပ် ပရာယွတ်...
မနီလာ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတီးသည် နိုင်ငံတွင်း၌ အိုင်အက်စ် အကြမ်းဖက်သမားများ၏ အန္တရာယ် ရုတ်တရက်ကြုံတွေ့ရနိုင်ကြောင်း သြဂုတ် ၁ဝ ရက်က သတိပေးပြောကြားလိုက်သည်။