Connect with us

Asia

ပြံုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် မြောက်ကိုရီးယားအားကစားအဖွဲ့ကို ထိပ်တန်းဥပဒေပြုအမတ် ကင်ယုံနမ်း ဦးဆောင်လာမည်

ပြုံချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြောက်ကိုရီးယားအားကစားအဖွဲ့ ခေါင်းဆောင် ထိပ်တန်းဥပဒေပြုအမတ် Kim Yong-nam အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင်ရန် မြောက်ကိုရီးယားအားကစားသမားအဖွဲ့ကို ထိပ်တန်းဥပဒေပြုအမတ်တစ်ဦးက ဦးဆောင်လာမည်ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၄ ရက် ညပိုင်းတွင် နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးရေးဖုန်းလိုင်းမှတဆင့် တောင်ကိုရီးယားနိုင်ငံသို့အသိပေးအကြောင်းကြားလာခြင်းဖြစ်ကြောင်း ၊ မြောက်ကိုရီးယားနိုင်ငံအားကစားအဖွဲ့ကို အဆင့်မြင့်ပြည်သူ့လွှတ်တော်(Supreme People’s Assembly) ဥက္ကဋ္ဌ ကင်ယုံနမ်း(Kim Yong-nam) က ဦးဆောင်လာမည်ဖြစ်ကြောင်း နှင့် တောင်ကိုရီးယားနိုင်ငံ၌ ဖေဖော်ဝါရီ ၉ ရက် မှ ၁၁ ရက်ထိ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တွင် ကိုယ်စားလှယ် ၃ ဦး နှင့် အသင်းအားပေးသူ ၁၈ ဦးလိုက်ပါလာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုယ်စားလှယ် ၃ ဦး၏ အမည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

ပြီးခဲ့သော ဇန်နဝါရီလက ပြုလုပ်ခဲ့သော ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲအတွင်း ဖေဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်ပမည့် ၂၃ ကြိမ်မြောက် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့အားကစားသမားများနှင့် အသင်းအားပေးသူများ စေလွှတ်ရန် မြောက်ကိုရီးယားနိုင်ငံက သဘောတူညီခဲ့ခြင်းဖြစ်သည်။

ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဝင် မြောက်ကိုရီးယား အားကစားသမားများအားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့အမေရိကန်နိုင်ငံအားကစားအဖွဲ့အား အမေရိကန်ဒုတိယသမ္မတမိုက်ပန့်က ဦးဆောင်လာမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကာလအတွင်း မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်း ဥပဒေပြုအမတ် နှင့် အမေရိကန်ဒုသမ္မတမိုက်ပန့်တို့တွေ့ဆုံဆွေးနွေးရန် ဖြစ်နိုင်ချေ မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.