Connect with us

Asia

ဆမ်ဆောင်းအီလက်ထရောနစ် ဒုတိယဥက္ကဋ္ဌအား တစ်နှစ်ကြာ ထိန်းသိမ်းပြီးနောက် တောင်ကိုရီးယား တရားရုံးက လွှတ်ပေးခဲ့

၂၀၁၇ ခုနှစ် သြဂုတ်လ ၇ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဗဟိုခရိုင်တရားရုံးသို့ အမှုစစ်ဆေးခံရန် ရောက်ရှိလာသည့် ဆမ်ဆောင်း အီလက်ထရွန်းနစ် ဒုတိယဥက္ကဋ္ဌ လီဂျေယောင် (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ဆမ်ဆောင်း အီလက်ထရောနစ် (Samsung Electronics) ၏ ဒုတိယဥက္ကဋ္ဌ လီဂျေယောင်အား တောင်ကိုရီးယားနိုင်ငံ တရားရုံးက ဖေဖော်ဝါရီလ ၅ ရက်၌ ဒုတိယအကြိမ်မြောက် အမှုကြားနာစစ်ဆေးအပြီးတွင် ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ အကြီးဆုံး မိသားစုပိုင်လုပ်ငန်းကြီး တစ်ခုဖြစ်သော ဆမ်ဆောင်းအုပ်စု၏ အမွေဆက်ခံသူ လီအား ဆိုးလ် တရားရုံးချုပ်က ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ယင်းပြစ်ဒဏ်သည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် ပထမဆုံးအကြိမ် အမှုစစ်ဆေးစဉ်က ချမှတ်ထားသည့် ပြစ်ဒဏ် ၅ နှစ်အား လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်။

လီသည် လာဘ်ပေးလာဘ်ယူမှုဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်က ဖမ်းဆီးခံခဲ့ရသည်။

လီသည် ယခုအခါ ပြစ်ဒဏ်များ ကျခံနေရသော တောင်ကိုရီးယား သမ္မတဟောင်း ပက်ဂွမ်ဟေးနှင့် ၎င်း၏ ကာလရှည် ရင်းနှီးဆုံး သူငယ်ချင်း ချွဲဆွန်ဆေး (Choi Soon-sil) တို့အား လာဘ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပေးအပ်ခဲ့ကြောင်း စွပ်စွဲခံရမှုဖြစ် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

လီနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဆမ်ဆောင်း အကြီးတန်း အမှုဆောင်အရာရှိ နှစ်ဦးလည်း အလားတူ ဆိုင်းငံ့ပြစ်ဒဏ်များဖြင့် လွှတ်ပေးလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.